NCA လက်မှတ်ထိုးထားသည့် PNLA နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွား

 NCA လက်မှတ်ထိုးထားသည့် PNLA နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊   PNLO ထိန်းချုပ်နယ်မြေတွင်းကို ဝင်ရောက်လာသည့် RCSS/SSA  နှင့်  ၂၀၂၃ခုနှစ်၊ မေလ( ၂၀ ) ရက်နေ့၊ နံနက်ပိုင်းက တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ သတင်းနှင့်ပြန်ကြာရေးအဖွဲ့က သတင်းထုတ်ပြန်လာသည်။ 

အင်းအား(၁၀၀)ကျော်ဖြင့် ကျူးကျော်ဝင်ရောက်လာပြီး ထီဖက်နံ PNLA တပ်စခန်းကို လာရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ( ၂ ) နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့နောက် RCSS တပ်ဖွဲ့သည် နမ့်ယမ်နှင့် လေခွင် ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွါသွားပြီး လက်ရှိ ပအိုဝ်းကျေးရွာတွင်းသို့ ဝင်ရောတပ်စွဲနေကာ ဒေသခံများအား ရွာပြင်ထွက်ခွင့်မပေးကြောင်းနှင့် တပ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း PNLA က သတင်း ထုတ်ပြန်ထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( PNLO/PNLA ) နှင့်  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်( RCSS/SSA )တို့သည် NCA လက်မှတ်ထိုးထားသော တပ်ဖွဲ့များဖြစ်သည်။