နယူးဇီလန်တွင် အခန်းပေါင် း(၉၀)ကျော်ရှိသည့် အဆောင် မီးလောင်မှုကြောင့် အနည်းဆုံး (၆) ဦး သေဆုံးပြီး (၁၁)ဦး ပျောက်ဆုံးနေ

နယူးဇီလန်တွင် အခန်းပေါင် း(၉၀)ကျော်ရှိသည့် အဆောင် မီးလောင်မှုကြောင့် အနည်းဆုံး (၆) ဦး သေဆုံးပြီး (၁၁)ဦး ပျောက်ဆုံးနေ
By Mr John

 နယူးဇီလန်နိုင်ငံတွင် အခန်းပေါင်း(၉၂)ခန်းပါဝင်သည့် အဆောင်တစ်ခု မီးလောင်မှုကြောင့် အနည်ဆုံး လူ (၆) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

၂၀၂၃ခုနှစ် မေလ (၁၆) ရက်နေ့က ဖြစ်ပွားခဲ့သည့် မီးလောင်မှုအတွင်း လူ (၁၁) ဦး ပျောက်ဆုံးနေဆဲဖြစ်ပြီး သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်သည်ဟု အစိုးရတာဝန်ရှိသူများက ယူဆထားကြောင်း Reuters သတင်းက ဖော်ပြသည်။

နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့ နယူးတောင်းရပ်ကွက်ရှိ Loafers Lodge အဆောင်၏ အပေါ်ဆုံးထပ်တွင်  မေလ (၁၆) ရက်နေ့ အကူးပိုင်းအချိန်က မီး‌လောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် အဆောက်အအုံတွင် ကြီးမားသည့် ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ကယ်ဆယ်ရေးလုပ်ရန် အခက်အခဲရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

မီးလောင်မှုဖြစ်ပွားသည့် Loafers Lodge အဆောင်သည်   ဆောက်လုပ်ရေး အလုပ်သမားများ၊ ဆေးရုံဝန်ထမ်းများနှင့် သေးငယ်သည့်ပြစ်မှု ကျုးလွန်မှု‌ကြောင့် ရပ်ကွက်အတွင်း လူမှုလုပ်ငန်းများလုပ်ရန် ပြစ်ဒဏ်ချခံရသူများ နေထိုင်ရန် စီစဉ်ပေးထားသည့် အဆောင်ဖြစ်ကြောင်း သိရသည်။

Source: Reuters

Photo: WELLINGTON CITY COUNCIL, NewsHub/AP, NZ Herald,