ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ထန်းတောဆိပ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးနေ

ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ထန်းတောဆိပ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးနေ

 စစ်ကိုင်းတိုင်းအတွင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ ထန်းတောဆိပ်ကို အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၂၇)ရက်နေ့ ညနေ(၃)နာရီခွဲအချိန် အထိ မီးရှိုးဖျက်ဆီးနေလျှက်ရှိကြောင်း သိရသည်။

"ခုထိရှို့နေတုန်း။ အိမ်တွေရှို့တာလား စျေးတန်းရှို့တာလား သေချာတော့မသိရသေးဘူး။ ပြီးတော့  လက်နက်ကြီးတွေနဲ့ ရမ်းထုနေတယ်။ သေနတ်တွေနဲ့လည်း ရမ်းပစ်နေတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ယနေ့ ညနေ(၃)နာရီခွဲဝန်းကျင်တွင် ပြောသည်။

ထန်းတောဆိပ် မီးရှို့နေမှုမှာ လတ်တလော စုံစမ်းမှုအရ သစ်တောရုံးဟု သိထားရသော်လည်း အခြေနေများကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

အင်အား(၅၀)ကျော်မှ (၁၀၀)ဝန်းကျင်အထိ ရှိသည့် အကြမ်းဖက် စစ်ကောင်စီတပ်အဖွဲ့သည့်  ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသို့ စစ်ကြောင်းထိုးနေခြင်း ဖြစ်ပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်မှုများကြောင့် လက်ရှိအချိန်ထိ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။