မြိုင်မြို့နယ်တွင် ကျေးလက်ဆေးရုံအား စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံများကို ဖမ်းဆီးကာ (၉)တန်း ကျောင်းသားတစ်ဦးကိုလည်း နှိပ်စက်သတ်ဖြတ်သွား 

မြိုင်မြို့နယ်တွင် ကျေးလက်ဆေးရုံအား စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံများကို ဖမ်းဆီးကာ (၉)တန်း ကျောင်းသားတစ်ဦးကိုလည်း နှိပ်စက်သတ်ဖြတ်သွား 

 မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မန်ကျည်းကန်ကျေးရွာရှိ ကျေးလက်ဆေးရုံကို ၂၀၂၃ခုနှစ်၊ မေလ(၁၈)ရက်နေ့၏ နေ့လည်ပိုင်းတွင် အာဏာ သိမ်းစစ်ကောင်စီတပ်က လေယာဉ်ဖြင့်ပစ်ခတ်ကာ ဝင်ရောက်စီး နင်း၍ ဒေသခံ ၂၀၀ ကျော်ကို ဖမ်းဆီးသွားကြောင်း သိရသည်။

အဆိုပါ ဆေးရုံကို စစ်ကောင်စီတပ်သည် Mi-35 (၁)စီးဖြင့် ပစ်ခတ်ပြီး Mi 17 နှစ်စီးဖြင့် လူချ၍ ဝင်ရောက်စီးနင်းကာ ဒေသခံများနှင့် ဆေးရုံလူနာ၊ လူနာစောင့်အပါ ၂၀၀ ကျော်ကို ဖမ်းဆီးထားသည်ဟု သိရသည်။ 

မန်ကျည်းကန်ကျေးရွာရှိ ဆေးရုံအဆောက်အဦ နှင့် ဆေးဝါးများအပါအဝင် ဓါတ်ခွဲခန်းနှင့်  ဆေးရုံရှေ့ရှိ ဒေသခံပိုင် နေအိမ်(၄)လုံး၊ ကား (၂)စီး၊ ဆိုင်ကယ် (၄)စီးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ဒါ့အပြင် မန်ကျည်းကန်ကျေးရွာ အရှေ့တောင်ဘက်တွင် ဖမ်းဆီးခံရသည့် (၉)တန်းကျောင်းသားလေးတစ်ဦးကိုလည်း စစ်ကောင်စီတပ်က နှိပ်စက်သတ်ဖြတ်ထားခဲ့သည်ဟု နွေဦးတော်လှန်ရေး-မြိုင် မြို့က ယနေ့ ဧပြီလ (၁၉)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

ဖမ်ဆီးခံရသည့် ဒေသခံများထဲမှ (၁၄)ဦးကို အထုပ်ထမ်းအဖြစ် ခေါ်ဆောင်သွားပြီး ကျန်ဒေသခံများကိုထားခဲ့သည် သိရသည်။

ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း ဝင်ရောက်မွှေနှောက်ကာ ရွှေထည်ပစ္စည်းများ၊ ပိုက်ဆံများ၊ ဖမ်းဆီးခံဒေသခံများထံမှ ဖုန်း အလုံး(၁၀၀)ကျော်ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

လက်ရှိတွင် ယင်းစစ်ကြောင်းသည် မန်ကျည်းကန်ကျေးရွာမှ အရှေ့ တောင်ဘက်သို့ ထွက်ခွာကာ ကန်နီရွာသို့ ရောက်ရှိသွားကြောင်း သိ ရသည်။

 

Photo: နွေဦးတော်လှန်ရေး-မြိုင်မြို့, CJ