စစ်အာဏာသိမ်းထားသည့် ဆူဒန်နိုင်ငံတွင် စစ်တပ် နှင့် အရန်တပ်ဖွဲ့ တို့ အာဏာလွန်ဆွဲ တိုက်ပွဲအတွင်း UN ဝန်ထမ်း (၃) ဦး အပါအဝင် အရပ်သား (၆၀) နီးပါး သေဆုံး

စစ်အာဏာသိမ်းထားသည့် ဆူဒန်နိုင်ငံတွင် စစ်တပ် နှင့် အရန်တပ်ဖွဲ့ တို့ အာဏာလွန်ဆွဲ တိုက်ပွဲအတွင်း UN ဝန်ထမ်း (၃) ဦး အပါအဝင် အရပ်သား (၆၀) နီးပါး သေဆုံး

 စစ်တပ်က အာဏာသိမ်းထားသည့် ဆူဒန်နိုင်ငံတွင်  ပြည်သူ့စစ်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံ၏ အဓိကအရန်တပ်ဖွဲ့နှင့် စစ်တပ်တို့ အာဏာလွန်ဆွဲမှုအဖြစ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေရာ UN ဝန်ထမ်း (၃)ဦး အပါအဝင် အရပ်သား အနည်းဆုံး (၆၀)နီးပါ သေဆုံးသွားကြောင်း သိရသည်။

 ၂၀၂၃ခုနှစ် ဧပြီလ (၁၅) ရက်နေ့ကစပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပေါ်လာရပြီးနောက် ကုလသမဂ္ဂဝန်ထမ်း (၃)ဦး အပါအဝင် အနည်းဆုံး အရပ်သားပြည်သူ (၅၉) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အာဏာသိမ်း ဆူဒန်စစ်တပ်က အရန်တပ်ဖွဲ့၏ အခြေစိုက် စခန်းများကို လေကြောင်းဖြင့် တိုက်နေခြင်းလည်း ဖြစ်သည်။

လက်ရှိ တိုက်ခိုက်နေကြသည့် အရန်တပ်ဖွဲ့နှင့် စစ်တပ်တို့သည် ဆူဒန်ကို လူပုဂ္ဂိုလ်တစ်ဦးတည်းက အုပ်ချုပ်သည့်စနစ်ဖြင့် ကာလရှည်ကြာ အာဏာချုပ်ကိုင် အုပ်ချုပ်နေခဲ့သူ အိုမားအယ်လ်ဘားရှီကို  ၂၀၁၉ခုနှစ်က ဖြုတ်ချခဲ့စဥ် အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီးနောက်ပိုင်း ၂၀၂၃ခုနှစ်တွင် ယခုလို တိုက်ခိုက်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။

အမေရိကန်၊ တရုတ်၊ ရုရှား၊ အီဂျစ်၊ ဆော်ဒီအာရေဗီးယား၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ ဥရောပသမဂ္ဂနှင့် အာဖရိကသမဂ္ဂတို့က ဆူဒန်တွင် ယခုလို ရန်လိုတိုက်ခိုက်မှုများ အမြန်အဆုံးသတ်ရန် တောင်းဆိုခဲ့ကြသည်။

 စစ်အာဏာသိမ်းခံရပြီးနောက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပကာ အရပ်သားအုပ်ချုပ်ရေး ပြန်လည်ကျင့်သုံးရန် နှောင့်နှေးကြန့်ကြာနေသည့် ဆူဒန်နိုင်ငံတွင် ယခင်ကတည်းက စီးပွားရေးပျက်ပြားနေပြီး လူမျိုးစုအကြမ်းဖက်မှုများ မြင့်တက်ဖြစ်ပွားနေရာ ယခု စစ်ပွဲများကြောင့် ဆူဒန်နိုင်ငံတဝန်း အခြေအနေများ သိသာစွာ ပိုမိုဆိုးရွားလာစေနိုင်သည်။

ယခုတိုက်ခိုက်နေသည့် အရန်တပ်ဖွဲ့သည်  ၂၀၁၅ ခုနှစ်မှစ၍ ဂျန်ဂျဝီးပြည်သူ့စစ်များဖြင့် အဓိက ဖွဲ့စည်းထားသည့် အရန်တပ်ဖွဲ့ဖြစ်ပြီး ယီမင်စစ်ပွဲတွင် ဆူဒန်စစ်တပ်နှင့်အတူ ဆော်ဒီ၊ ယူအေအီး တပ်ဖွဲ့များဖြင့် ပူးပေါင်းပါဝင်ခဲ့ကြောင်လည်း သိရသည်။

Source: Reuters

Photo: Courtesy of Maxar Technologies, Hussein Malla