ခရမ်းမြို့နယ် လဝကရုံးကို ဝင်ရောက်စီးနင်း၊ ရဲ(၂)ဦး သေဆုံးပြီး သေနတ်(၂)လက် သိမ်းဆည်းရရှိခဲ့

ခရမ်းမြို့နယ် လဝကရုံးကို ဝင်ရောက်စီးနင်း၊ ရဲ(၂)ဦး သေဆုံးပြီး သေနတ်(၂)လက် သိမ်းဆည်းရရှိခဲ့

ရန်ကုန်တောင်ပိုင်း၊ ခရမ်းမြို့နယ်ရှိ မြို့နယ်လဝကရုံးကို ခရမ်း PDF က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ရဲ(၂)ဦး သေဆုံးပြီး (၅)ဦးအထိ ထိခိုက်ဒဏ်ရာရရှိသွားကြသည့်အပြင် ၎င်းတို့၏ သေနတ် (၂)လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် သင်္ကြန်အကျနေ့ဖြစ်သည့် ဧပြီလ(၁၄)ရက်နေ့ နေ့လည်(၁)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်က ခရမ်းမြို့နယ်လဝကရုံးကို ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ရုံးတွင်စောင့်ကြပ်နေသည့် ရဲ(၂)ဦး သေဆုံးပြီး (၅)ဦးဒဏ်ရာရရှိသွားရာ အချို့ကို ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားကြောင်း သိရသည်။

ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအပြီးတွင် သေနတ်(၂)လက်ကို သိမ်းဆည်းရရှိကြောင်းနှင့် PDF ဘက်က ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။