DJ WUKONG က မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာပြည်သူများနှင့်ရပ်တည်ကြောင်း ထုတ်ဖေါ်

DJ WUKONG က မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားအစုလိုက်အပြုံလိုက်သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာပြည်သူများနှင့်ရပ်တည်ကြောင်း ထုတ်ဖေါ်
ဧပြီ 13, 2023 | 2021 Military Coup

ပဇီကြီးကျေးရွာကို စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား အစုလိုက်အပြုံလိုက်သေဆုံးရမှုနှင့်ပတ်သက်၍ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း DJ WUKONG က ၂၀၂၃ ခုနှစ် ဧပြီလ (၁၃)ရက်နေ့တွင် ရေးသားလာသည်ကို တွေ့ရသည်။

ဘန်ကောက်သင်္ကြန်တွင် ဖျော်ဖြေနေသည့် WUKONG က STAND WITH MYANMAR ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့ပြီး မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားရာနှင့်ချီသေဆုံးရသည့် သတင်းဖြစ်စဉ်ကို မျှဝေခဲ့ရာ မြန်မာအတွက် ထုတ်ဖေါ်ပြောကြားမှုအား ကျေးဇူးတင်ကြောင်း မြန်မာပရိတ်သတ်များစွာက တုန့်ပြန်ကြသည်။

သင်္ကြန်ကာလနီးသည့် ဧပြီလ (၁၁)ရက်နေ့တွင် မြန်မာစစ်တပ်က စစ်ကိုင်းတိုင်းအတွင်းမှ ရွာငယ်လေးဖြစ်သည့် ပဇီကြီးကျေးရွာတွင် အရပ်သား လူစုလူဝေးလုပ်ရာနေရာကို လေကြောင်းမှတိုက်ခိုက်သဖြင့် ကလေးငယ်များအပါအဝင် အရပ်သားအစုလိုက် အပြုံလိုက်သေဆုံးမှုဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ကလည်း ၎င်းတို့ တိုက်ခိုက်ကြောင်း အတည်ပြုထားသည်။

စင်္ကာပူမှ music producer နှင့် DJ တစ်ဦးဖြစ်သည့်  WUKONG ခေါ် Alfy Ngor သည် ၂၀၂၂ ခုနှစ်ကလည်း မြန်မာနိုင်ငံတွင် လာရောက်ဖျော်ဖြေရန် ဖိတ်ခေါ်မှုများအား စစ်အာဏာသိမ်းမှုအောက်မှ မြန်မာပြည်သူများနှင့်အတူ ရပ်တည်သည့်အနေဖြင့် ငြင်းပယ်ခဲ့သူလည်း ဖြစ်သည်။