ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်

ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကရင်နီတော်လှန်ရေးတပ်များ တိုက်ခိုက်
စက်တင်ဘာ 8, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီဖွဲ့ကို ကရင်နီတော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂)ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သေးဆူလဲနှင့် ပူးဖားကျေးရွာတို့တွင် ကရင်နီတပ်ပေါင်းစုအဖွဲ့များက ဝင်ရောက်စခန်းသိမ်းနေစဉ် KRUနှင့် တော်လှန်ရေးတပ်ဖွဲ့ကလည်း ကုန်းသာကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့များ တပ်ဆုတ်သွားခဲ့ပြီးနောက် ကုန်းသာကျေးရွာအတွင်းသို့ ဝင်ရောက်စီးနင်းနိုင်ခဲ့ကာ ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့များ ထောင်ထားခဲ့သည့် မိုင်းများရှိနေခြင်းကြောင့် စစ်ကောင်စီတပ်၏ ပစ္စည်းအချို့ကိုသာ သိမ်းဆည်းနိုင်ခဲ့သည်ဟု KRUက ယနေ့ စက်တင်ဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ 

စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)၊ DMO PDF တပ်ရင်း(၄)၊ KNDF BO (01)တို့က ပူးပေါင်း၍ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency