ဖလမ်းမြို့နယ်နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ စခန်းတစ်ခုကို CNDF သိမ်းပိုက်၊ စစ်ကောင်စီတပ်သား (၁၁)ဦးသေပြီး (၁၄)ဦး အရှင်ဖမ်းမိ  

 Photo: Chin National Defense Force
 Photo: Chin National Defense Force
ဖလမ်းမြို့နယ်နယ်အတွင်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ စခန်းတစ်ခုကို CNDF သိမ်းပိုက်၊ စစ်ကောင်စီတပ်သား (၁၁)ဦးသေပြီး (၁၄)ဦး အရှင်ဖမ်းမိ  

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗားရ်ကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီ၏ တပ်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(CNDF)ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းကို တစ်နာရီခွဲ ဝန်းကျင်ကြာတိုက် ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်၏ MA 1 ၃ လက်၊ MA 2 တစ်လက်၊ MA3 ၂ လက်၊ MA4 တစ်လက်၊ G3 ၁၂ လက်၊ ကျည်ဘောက် ၃၇ ခု၊ တိုက်မိုင်း ၁၀ ခု၊ ၄၀ မမကျည် ၃၃ ခု၊ လက်ပစ်ဗုံး ၁၂ လုံး၊ ရှေ့ထွက်မိုင်း ၅၀၊ နင်းမိုင်း ၅၀၀၊ MA ကျည် ၁၀၀၀ ကျော်၊ G3 ကျည် ၂၅၀၀ ကျော် သိမ်းဆည်းရရှိကာ စခန်းမီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု CNDF က သတင်းထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၁ ဦးသေပြီး ၁၄ ဦးအား အရှင် ဖမ်းဆီးရမိခဲ့သော်လည်း ဗိုလ်ကြီးတစ်ဦးအပါ ၃ ဦးမှာ ရရှိထားသည့် ဒဏ်ရာဖြင့် ထပ်မံသေဆုံးသွားကြောင်း သိရသည်။

တိုက်ပွဲတွင် ပြည်သူတစ်ဦးနှင့် CNDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။