အမေရိကန်သမိုင်းတွင် ဒေါ်နယ်ထရမ့်က ရာဇဝတ်မှုဖြင့် စွဲချက်တင်ခံရသည့် ပထမဆုံး သမ္မတဟောင်းဖြစ်လာ

 အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နှင့် စ‌‌တော်မီ ဒန်နီရယ်စ် (  illustration by Salon/Getty Images )
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် နှင့် စ‌‌တော်မီ ဒန်နီရယ်စ် ( illustration by Salon/Getty Images )
အမေရိကန်သမိုင်းတွင် ဒေါ်နယ်ထရမ့်က ရာဇဝတ်မှုဖြင့် စွဲချက်တင်ခံရသည့် ပထမဆုံး သမ္မတဟောင်းဖြစ်လာ
By Mr John

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီက အပြာရုပ်ရုပ်သရုပ်ဆောင် အမျိုးသမီးတစ်ဦးအား နှုတ်ပိတ်ခ‌ ငွေပေးမှုအတွက် ရာဇဝတ်မှုဖြင့် စွဲချက်တင်မည်ဖြစ်ကြောင်း သိရသည်။ ‌

ထရမ့် ရင်ဆိုင်ရမည့် စွဲချက်များနှင့် ပတ်သက်၍ အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ၎င်းမှာ အမေရိကန်သမိုင်းတွင် ရာဇဝတ်မှုဖြင့် စွဲချက်တင်ခံရသည့် ပထမဆုံး သမ္မတဟောင်းဖြစ်လာသည်။

သမ္မတဟောင်းထရမ့်က အပြာရုပ်ရှင်သရုပ်ဆောင် စ‌‌တော်မီ ဒန်နီရယ်စ်ကို ၎င်းနှင့် လိင်ဆက်ဆံမှုကိစ္စ နှုတ်ပိတ်လျှို့ဝှက်ထားရန် ဒေါ်လာ (၁၃၀,၀၀၀) ပေးခဲ့မှုအပေါ် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဂရင်းဂျူရီအဖွဲ့က ၎င်းကို ရာဇဝတ်မှုဖြင့် စွဲချက်တင်ရန် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

ထရမ့်ကမူ မည်သည့်အမှားမျှ ကျူးလွန်ထားခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ 

လာမည့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေသည့် သမ္မတဟောင်းထရမ့်မှာ အခြား စွဲချက်များဖြင့်လည်း စုံစမ်းစစ်ဆေးခံနေရကြောင်း သိရသည်။

Source: CNN, Reuters