ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေကာ အလောင်းစွန့်ပစ်၍ ထွက်ပြေး

Photo:  Lion Battalion Commando Special Force 
Photo:  Lion Battalion Commando Special Force 
ကြာအင်းဆိပ်ကြီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြားသေကာ အလောင်းစွန့်ပစ်၍ ထွက်ပြေး
မတ် 18, 2023 | 2021 Military Coup

 

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ မကျည်းကလပ်ကျေးရွာနှင့် ကော့ကမာကျေးရွာကြားတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အများအပြား သေဆုံးခဲ့ကြောင်း Lion Battalion Commando Special Force ဗျူဟာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ ရတခတိုင်းလက်အောက်ခံ တပ်ရင်း၊ တပ်မများဖြစ်သည့် ၅၅၇၊ ၂၀၈၊ ၂၀၉ (BE မိုင်းရှင်းလင်းရေးတပ်)တို့သည် 

 အင်အား(၂၀၀)ဝန်းကျင်နှင့် ၂၀၂၃ခုနှစ်၊ မတ်လ (၁၅)ရက်နေ့က စစ်ကြောင်းထိုးလာသဖြင့် ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကို  Lion Battalion Commando Special Force စစ်ကြောင်း၊ KNU/KNLA၊ PDF ၊ARMS (Army Representing Myanmar Society) Drone တပ်ဖွဲ့၊ SDDF (Saw Dragon Drone Force) တပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်နေသဖြင့် ကော်သူးလေ အုပ်ချုပ်ရေးနယ်မြေအတွင်း၌ရှိသော ပြည်သူများအနေဖြင့် ခရီးသွားလာခြင်းများကို အထူးဂရုပြု၍ သွားလာကြရန် အသိပေးထားသည်။