မော်လမြိုင်-ရေး-ထားဝယ် လမ်းမတွင် ပူးပေါင်းတပ်များစစ်ဆေးရေးလုပ်

မော်လမြိုင်-ရေး-ထားဝယ် လမ်းမတွင် ပူးပေါင်းတပ်များစစ်ဆေးရေးလုပ်
စက်တင်ဘာ 17, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုကားလမ်းမတွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့တွင် လုံခြုံရေးရယူ စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

ပူးပေါင်းတပ်များက ရေးမြို့နယ်အတွင်းရှိ နှစ်ကရင်လမ်းဝဆီဆိုင်အနီး ပြည်ထောင်စုလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်များကို ယနေ့နံနက် (၈)နာရီမှ (၁၁)နာရီခန့်အထိ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ပူးပေါင်းတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေသည့်ယာဉ်များပေါ်တွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာခြင်း ရှိ၊မရှိနှင့် စစ်ကောင်စီလက်အောက်ခံ တပ်များအတွက် လူနှင့် ပစ္စည်းများ တင်ဆောင်လာခြင်းများ ရှိ၊မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရသည်။ 

မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းအတွင်း သွားလာနေသည့်  မော်တော်ယာဉ်များ အနေဖြင့် KNLA တပ်ဖွဲ့ဝင်များ စစ်ဆေးသည့်အခါ ကြည်ဖြူစွာလက်ခံရန်၊ စစ်ကောင်စီနှင့် ပတ်သက်သူများနှင့် ပစ္စည်းများကို တင်ဆောင်ခြင်းများ မပြုလုပ်ရန်နှင့် စစ်ကောင်စီတပ်ယာဉ်များနှင့်အတူ လိုက်ပါစီးနင်းခြင်းမျိုး မပြုလုပ်ကြရန်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အသုံးပြုသည့် ယာဉ်များလည်း  ကြည်ဖြူစွာ အစစ်ဆေးခံကြရန် တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo : ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C