ပဲခူးတိုင်းအတွင်း အမြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ယာဉ်တန်းထဲက ယာဉ်တစ်စီး လမ်းဘေးမြောင်းထဲ ရောက်သွား

ပဲခူးတိုင်းအတွင်း အမြန်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်ယာဉ်တန်းထဲက ယာဉ်တစ်စီး လမ်းဘေးမြောင်းထဲ ရောက်သွား

ပဲခူးတိုင်း၊ အမြန်လမ်း မိုင်တိုင်(၂၉)၊ (၅)ဖာလုံအနီးတွင် အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းအား  မတ်လ(၂၁)ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တစ်စီး လမ်းဘေးမြောင်းထဲ ရောက်သွားကြောင်း IPDF က ထုတ်ပြန်သည်။

ယင်းတိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဒေသခွဲ၊ ပဲခူးခရိုင်တပ်ရင်း(၁)၊ တပ်ခွဲ(၂) ( အင်းတကော်ပကဖ-IPDF) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မတ်လ(၁၈)ရက်နေ့ကလည်း အကြမ်းဖက် စစ်ကောင်စီ၏ စစ်ယာဉ်တန်းအား အမြန်လမ်း မိုင်တိုင် (၈၆)အနီးတွင် ပဲခူးခရိုင် PDF တပ်ရင်း(၁)၊ တပ်ခွဲ(၁)က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ပြည်သူတို့၏ အသက် အိုးအိမ်ကို လက်နက်အားကိုး အနိုင်ကျင့်ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းတို့ ၏ ယန္တရားများတွင်ပါဝင်နေသော ဒေါက်တိုင်များကို ယခုထက်ပိုမို ပြင်းထန်စွာ ပစ်မှတ်ထားတိုက်ခိုက်ချေမှုန်းသွားမည်ကြောင်း သတိပေးထုတ် ပြန်ထားသည်။