MNDAA ၏ နယ်မြေရှင်းလင်းမှုအတွင်း အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

Photo:  The Kokang
Photo: The Kokang
MNDAA ၏ နယ်မြေရှင်းလင်းမှုအတွင်း အာဏာသိမ်းစစ်တပ်၏ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ
ဒီဇင်ဘာ 23, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ချင်းရွှေဟော်ဒေသအတွင်းရှိ နမ့်ဖာတောင်ဝန်းကျင်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က နယ်မြေရှင်းလင်းမှု ပြုလုပ်စဉ် အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို တွေ့ရှိ သိမ်းဆည်းရရှိကြောင်း The Kokang က ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။ 

၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂၂)ရက်နေ့က MNDAA မှ နယ်မြေရှင်းလင်းမှု ပြုလုပ်စဉ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ ကျည် (၆၂၃)တောင့် အပါအဝင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုးကန့်ဒေသအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်းတို့၏ လက်ကိုင်တုတ် ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်းပြီး MNDAA ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများရှိခဲ့ရာ MNDAA ဘက်က ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်းနှင့် လက်ရှိတွင်လည်း စစ်ရေး တင်းမာသည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။