ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်

ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို တော်လှန်ရေးတပ်များ ထိုးစစ်ဆင်တိုက်ခိုက်
ဇန်နဝါရီ 1, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းနှစ်ခုကို တော်လှန်ရေးတပ်များက ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၃၁)ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်-MSRFထံမှ သိရသည်။

ရေးမြို့နယ်အခြေစိုက် စကခ(၁၉)လက်အောက်ခံ ခမရ (၅၉၁)နှင့် ခမရ (၅၈၃)တို့ကို တော်လှန်ရေးတပ်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ခမရ (၅၉၁)နှင့် ခမရ (၅၈၃)တို့မှ ကျောင်းရွာ၊ အိုင်ရှည်နှင့် ကမ်းနီရွာအနီးသို့ လက်နက်ကြီးများဖြင့် အကြိမ်ရေ (၃၀)ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို မွန်ပြည်တော်လှန်ရေးတပ် - MSRF၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်-YGF၊ ABSDF တပ်ရင်း (၁)နှင့် မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း -MSRO၊ Ye Air Force - YAF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၂၀၂၃ ခုနှစ်အတွင်း တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်မှု အကြိမ်ကြိမ်လုပ်ဆောင်နိုင်လာပြီး ၂၀၂၄ ခုနှစ်တွင်လည်း စစ်ဆင်ရေးအရှိန်မြှင့်တင်သွားမည်ဟု ဆိုသည်။

မွန်ပြည်တော်လှန်ရေးတပ် MSRFအနေဖြင့် အာဏာရှင်ဟူသမျှနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ကိုယ့်ကြမ္မာဖန်တီးခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency