စပိန်နိုင်ငံတွင် မိုးသီးထိမှန်ခံရမှုကြောင့် လမ်းလျှောက်တတ်စ ကလေးငယ် သေဆုံးပြီး အရိုးကျိုးသည်အထိ ထိခိုက်မှုများရှိ

Photo: Sicus Carbonell
Photo: Sicus Carbonell
စပိန်နိုင်ငံတွင် မိုးသီးထိမှန်ခံရမှုကြောင့် လမ်းလျှောက်တတ်စ ကလေးငယ် သေဆုံးပြီး အရိုးကျိုးသည်အထိ ထိခိုက်မှုများရှိ
စက်တင်ဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John



စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း Catalonia ဒေသ၌ ပြင်းထန်သည့် မိုးသီးမုန်တိုင်းကျမှုအတွင်း (၁)ခွဲကျော်အရွယ် မိန်းကလေးငယ်တစ်ဦး ဦးခေါင်းကို မိုးသီးထိမှန် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဩဂုတ်လ (၃၁) ရက်နေ့တွင် ပြောသည်။ 

အချင်း (၄) လက်မအထိရှိသော လက်သီးဆုပ်အရွယ် မိုးသီးများ ဩဂုတ်လ (၃၀) ရက်နေ့က La Bisbal d'Emporda ကျေးရွာတဝိုက် ကြွေကျခဲ့ခြင်း ဖြစ်သည်။

အရွယ်အစားကြီးသည့် မိုးသီးများ ကြွေကျမှုကြောင့် လူ (၅၀) ခန့် အရိုးကျိုးခြင်းနှင့် ပွန်းပဲ့ဒဏ်ရာများရခဲ့ကြကြောင်း စပိန်သတင်းဌာန TV3 က ပြောသည်။ 

"လူတွေ အော်ဟစ်ပြေးလွှားပြီး ပုန်းအောင်းနေခဲ့ကြတယ်" ဟု မိုးသီးကြွေပြီးနောက် Castell d'Emporda တွင် ပျက်စီးနေမှုကို ဗီဒီယိုရိုက်ကူးခဲ့သည့် ဂီတပညာရှင် Sicus Carbonell က ပြောသည်။

"ပရမ်းပတာဖြစ်ခဲ့တယ်။ ယောက်ျားလေးနဲ့ မိန်းကလေးတွေ ပြေးလွှားနေခဲ့ကြတယ်။ အချို့ မိဘတွေကတော့ သူတို့ကလေးတွေကို ဆွဲခေါ်နိုင်ခဲ့ကြတယ်။ အဲဒီမှာ အသက် (၃) နှစ် ဒါမှမဟုတ် (၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်က ထီးအောက်ကို ပြေးမပုန်းနိုင်ခဲ့ဘူး။ ကျွန်တော် သူ့ဆီ ပြေးသွားပြီး ဆွဲခေါ်ခဲ့ရတယ်" ဟု ၎င်းကဆိုသည်။

ယခု မိုးသီးကြွေကျမှုမှာ Catalonia တွင် ဆယ်စုနှစ် (၂) ခုအတွင်း အကြီးမားဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း စပိန်မိုးလေဝသဌာန Meteocat က ပြောသည်။ 

ထိုဒေသ၏ နေရာများတွင် ဩဂုတ်လ (၃၁) ရက်အထိ မုန်တိုင်းသတိပေးချက် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

Source: Reuters

Photo: Sicus Carbonell, Twitter /@ignasicorney, Europa Press,