ကိုရင်များကို လှူဒါန်းလိုက်သည့် လှူဖွယ်ပစ္စည်းများထဲတွင် ကွန်ဒုံးများ ပါလာသဖြင့် ထိုင်းဘုန်းကြီး ဒေါသထွက်

Photo: Thai PBS
Photo: Thai PBS
ကိုရင်များကို လှူဒါန်းလိုက်သည့် လှူဖွယ်ပစ္စည်းများထဲတွင် ကွန်ဒုံးများ ပါလာသဖြင့် ထိုင်းဘုန်းကြီး ဒေါသထွက်
By Mr John

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်တွင် အလှူရှင်အချို့က ကိုရင်ငယ်များကို လှူဒါန်းလိုက်သည့် လှူဖွယ်ပစ္စည်းများထဲ ကွန်ဒုံးမျာ းပါလာသဖြင့် ဘုန်းကြီးတစ်ပါးက အွန်လိုင်းတွင် ဒေါသထွက် ပြောဆိုထားသည်။

အသက် (၁၅) နှစ်အရွယ် ကိုရင်နှစ်ပါးကို လှူဒါန်းလိုက်သည့် လှူဖွယ်ပစ္စည်းများထဲတွင် တွေ့ရှိရသော ကွန်ဒုံးများကို Wat Sri Kerd ဘုရားကျောင်းမှ Phra Chingchai Itthitecho အမည်ရှိ ဘုန်းကြီးက ဓာတ်ပုံရိုက်ပြီး မေလ (၆) ရက်နေ့က Facebook ပေါ်တင်ခဲ့သည်။



ကိုရင်နှစ်ပါးက ဘုန်းကြီး Phra Chingchai ကို ပြောကြားမှုအရ Muang ခရိုင်အတွင်း အပေါင်ဆိုင်တစ်ခုရှေ့တွင် လှူဖွယ်ပစ္စည်းများ အလှူခံခဲ့စဥ်က မည်သူက ၎င်းတို့၏ သပိတ်ထဲသို့ ကွန်ဒုံးများထည့်လိုက်ကြောင်း မသိရှိခဲ့ဟု ဆိုသည်။

ထိုနေရာတွင် ကိုရင်အများအပြား အလှူခံရန် တန်းစီးနေခဲ့ကြရာ အခြား ကိုရင်အချို့ထံတွင်လည်း အလားတူ ကွန်ဒုံးများပါသွားနိုင်ကြောင်း ကိုရင်နှစ်ပါးက ပြောသည်။



အလှူရှင်အမျိုးသားတစ်ဦးက ကွန်ဒုံးနှင့် ခရမ်းချဥ်သီးအနှစ် အထုပ်၏ အရွယ်အစားနှင့်တူနေတာကြောာင့် မှားယွင်းထည့်ပေးလိုက်ခြင်း ဖြစ်နိုင်ကြောင်း၊ သို့သော် တမင်ရည်ရွယ်ပြီး လှူဖွယ်ပစ္စည်းများထဲတွင် ကွန်ဒုံးများထည့်ပေးခြင်းဖြစ်ပါက မသင့်လျော်သည့်လုပ်ရပ်ဖြစ်ကြောင်း ဘုန်းကြီး Phra Chingchai က ယခုဖြစ်ရပ်အပေါ် သုံးသပ်ပြောဆိုခဲ့သည်။

မီဒီယာများတွင် ဘုန်းကြီးများ ပါဝင်ပတ်သက်နေသည့် အရှုပ်တော်ပုံများ မကြာခဏ သတင်းဖော်ပြနေသော်လည်း အချို့သော လက်မခံနိုင်စရာ အပြုအမူများကြောင့် ဘုန်ကြီးများအားလုံးကို မပြစ်မှားမိရန် ဘုန်းကြီး Phra Chingchai က ဗုဒ္ဓဘာသာဝင်များကို တိုက်တွန်းခဲ့သည်။



Source: Chiang Rai Times