အာဏာသိမ်းစစ်အုပ်စုမှ ပြုလုပ်မည့် သံဃာအပါး တစ်သောင်းကျော် ဆွမ်းဆန်စိမ်းလောင်းပွဲကို တပ်ပေါင်းစုက တိုက်ခိုက်မည် မဟုတ်

ပြင်ဆင်ထားမှုအခြေအနေ - Photo:  MCDC
ပြင်ဆင်ထားမှုအခြေအနေ - Photo: MCDC
အာဏာသိမ်းစစ်အုပ်စုမှ ပြုလုပ်မည့် သံဃာအပါး တစ်သောင်းကျော် ဆွမ်းဆန်စိမ်းလောင်းပွဲကို တပ်ပေါင်းစုက တိုက်ခိုက်မည် မဟုတ်

 မန္တလေးမြို့မှာ စစ်အုပ်စုက ပြုလုပ်မည့် သံဃာအပါး တစ်သောင်းကျော် ဆွမ်းဆန်စိမ်းလောင်းပွဲနှင့် ပတ်သက်၍ မည်သည့် တိုက်ခိုက်မှုကိုမျှ ပြုလုပ်သွားမည် မဟုတ်ကြောင်း မန္တလေးတပ်ပေါင်းစုအဖွဲကထုတ်ပြန်ထားသည်။

ပြင်ဆင်ထားမှုအခြေအနေ

"တော်လှန်ရေးရဲဘော်များသည် ကမ္ဘာပေါ်ရှိ လွတ်လပ်စွာကိုးကွယ်နေသော ဘာသာဝင်တိုင်းကို လေးစားသာကြောင့် ဘာသာရေးနှင့်ပတ်သတ်သော နေရာများကို ထိခိုက်အောင် မလုပ်ပါ"ဟု မန္တလေးတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

လာမည့် မေလ(၁၄)ရက်နေ့ ကဆုန်လပြည့်နေ့တွင် စစ်အုပ်စုက မန္တလေးကျုံးဘေးပတ်လည်တွင် သံဃာအပါး တစ်သောင်းကျော် ဆွမ်းဆန်စိမ်းလောင်းပွဲပြုလုပ်မည်ဖြစ်ပြီး အဆိုပါပွဲကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်မည်ဟု စစ်လော်ဘီများက ရေးသားနေကြ၍ သတင်းမှားများကို သတိပြုကြရန်လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြင်ဆင်ထားမှုအခြေအနေ

စစ်အုပ်စုနှင့်စစ်အုပ်စုကို ထောက်ခံနေသူများ အနေဖြင့် ယင်းသို့ ကြောက်လန့်နေသည့်အတွက် ဆွမ်းလောင်းပွဲကို ဖောက်ခွဲရေးပြုလုပ်မည်မဟုတ်ကြောင်း  ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုက ကြိုတင် သတင်းထုတ်ပြန်အသိပေးထားခြင်း ဖြစ်သည်။

သံဃသမဂ္ဂ(မန္တလေး)ကလည်း အာဏာသိမ်းစစ်အုပ်စုတပ်က ပြုလုပ်မည့် ဆွမ်းဆန်စိမ်းလောင်းပွဲသို့ သံဃာတော်များ မတက်ရောက်ဘဲ သပိတ်မှောက်ပေးကြရန် တိုက်တွန်း နှိုးဆော်ထားသည်။

ထို့အပြင် အဆိုပါ ဆွမ်းဆန်စိမ်းလောင်းပွဲတွင် သံဃာအပါး(၁၀၀၀)မပြည့်၍ ဟုဆိုကာ စစ်အုပ်စုက ယာဥ်ထိန်းရဲ နှင့် ရဲမေများကို သင်္ကန်းဝတ်ပေးထားကြောင်း သတင်းပြန့်နေပြီး သီးခြားအတည်ပြုချက်မရပေ။

#TachileikNewsAgency

Photo: ဓာတ်ပုံ -MCDC