အာဏာသိမ်းစစ်ခေါင်းဆောင်၏ ကမ်းလှမ်းချက်ကို လက်ခံပြီး ဆွေးနွေးပွဲ တက်ရောက်မည်ဟု RCSS အသိပေး

အာဏာသိမ်းစစ်ခေါင်းဆောင်၏ ကမ်းလှမ်းချက်ကို လက်ခံပြီး ဆွေးနွေးပွဲ တက်ရောက်မည်ဟု RCSS အသိပေး

နိုင်ငံရေးပြသနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးက အကောင်းဆုံးနည်းလမ်းဖြစ်၍ အာဏာသိမ်းစစ်အခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကမ်းလှမ်းဖိတ်ခေါ်မှုကို လက်ခံပြီး တွေ့ဆုံပွဲသို့ တက်ရောက်ရန် ကိုယ်းစားလှယ်အဖွဲ့ စေလွှတ်မည်ဟု RCSS က ယနေ့ ၂၀၂၂ခုနှစ် မေလ(၁၂)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာသည်။

RCSS ၏ ထုတ်ပြန်ကြေညာချက်တွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့် လက်ရှိနိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး တွေ့ဆုံဆွေးနွေးရေးအတွက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်ခြင်းသည် မရှိမဖြစ်လိုအပ်ကြောင်းသည်ဟု ဖော်ပြထားသည်။

ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှသာလျှင် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသော အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်နိုင်ပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ခေတ်မီသော တိုင်းပြည်ကို တည်ဆောင်နိုင်ဟု RCSS က အလေးအနက် ယုံကြည်နေသည်။

နိုင်ငံအာဏာသိမ်းခံထားရပြီးနောက် ဆန္ဒပြပွဲမှတည် လက်နက်ကိုင် တော်လှန်နေသည့် ပြည်သူ့တော်လှန်ရေး ပြည်တွင်းစစ်တွင် အာဏာသိမ်းစစ်အုပ်စုနှင့် တိုက်ခိုက်ရာတွင် RCSS/SSA နှင့် SSPP/SSA တို့သည် အခြားတိုင်းရင်းသားအဖွဲ့များလို ပါဝင်ခြင်းမရှိ၍ ပြည်သူများ၏ ဝေဖန်မှုလည်း များစွာ ထွက်ပေါ်ခဲ့ရသည်။