ထိုင်းအာဏာပိုင်တွေက ရနောင်းကနေ တရားမဝင် မြန်မာရွေ့ပြောင်းလုပ်သား (၁၃၀) ကို မြန်မာသို့ ပြန်ပို့၊ နေ့စဥ် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ ရှိနေဆဲ

Photo: Photo supplied via Achadthaya Chuenniran
Photo: Photo supplied via Achadthaya Chuenniran
ထိုင်းအာဏာပိုင်တွေက ရနောင်းကနေ တရားမဝင် မြန်မာရွေ့ပြောင်းလုပ်သား (၁၃၀) ကို မြန်မာသို့ ပြန်ပို့၊ နေ့စဥ် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ ရှိနေဆဲ
By Mr John

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ရနောင်းတွင် အစောပိုင်းက ဖမ်းဆီးခံခဲ့ရသည့် မြန်မာနိုင်ငံသား (၁၃၀) ဦးကို ထိုင်းအာဏာပိုင်တွေက မေလ (၆) ရက်တွင် မြန်မာဘက်သို့ ပြန်ပို့လိုက်ကြောင်း သိရသည်။

ရနောင်းတွင် ဖမ်ဆီးခံရပြီး စက်လှေ(၈)စီးဖြင့် မြန်မာဘက်သို့ ပြန်ပို့ခံရသူတွေအနက် အမျိုးသား (၁၀၂) ဦးနှင့် အမျိုးသမီး (၂၈) ဦး ပါဝင်သည်။

၎င်းတို့ကို နေရပ်ပြန်ပို့သည့် လုပ်ငန်းစဥ်ကို Muang ခရိုင် Pak Nam နယ်မြေ Khao Nang Nong villag ကျေးရွာရှိ အကောက်ခွန်တံတားတစ်စင်းတွင် ဆောင်ရွက်ခဲ့ရာ ထိုင်းနှင့်မြန်မာမှ လုံခြုံရေးအရာရှိများနှင့် အစိုးရတာဝန်ရှိသူများက ကြီးကြပ်ခဲ့ကြသည်။



ထိုအတောအတွင်း မေလ (၆) ရက် ညနေပိုင်းကလည်း ဆောင်ခလာတွင် ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၈)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

လုံခြုံရေးကင်းလှည့်နေစဥ် Sadao ခရိုင် Samnak Kham နယ်မြေရှိ Dan Nok ကျေးရွာအနီး တောအုပ်တစ်ခုအတွင်း ပုန်းအောင်နေကြသည့် မြန်မာနိုင်ငံသား အမျိုးသမီး(၇)ဦးနှင့် အမျိုးသား(၁)ဦးကို တွေ့ရှိခဲ့ကြောင်း စစ်တပ်အရာရှိ Thanitphon Hongwilai က ပြောသည်။



ထိုအုပ်စုက ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့ပြီး နယ်စပ်တလျှောက် ၎င်းတို့ကို လာခေါ်မည့်သူကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသား (၈)ဦးပါအုပ်စုက ရခိုင်ပြည်နယ်မှဖြစ်ကြောင်း ဖမ်းဆီးခံရချိန်တွင် ပြောခဲ့ကြသည်။

၎င်းတို့က မလေးရှားနိုင်ငံတွင် အလုပ်အကိုင်ရရှိရန် ရန်ကုန်မြို့ရှိ အလုပ်အကိုင်ရှာဖွေပေးသူနှင့် ဆက်သွယ်ခဲ့ပြီး တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၅,၀၀၀ ပေးရသည်ဟု ဆိုသည်။

ထိုငွေ၏ တစ်ဝက်ကို ပေးချေခဲ့ပြီးဖြစ်ကာ ကျန်တစ်ဝက်ကို မလေးရှားသို့ ရောက်ရှိချိန်တွင် ပေးချေကြရမည်ဖြစ်သည်။

၎င်းတို့သည် ပြီးခဲ့သည့် လကုန်ပိုင်းက တောလမ်းခရီးမှတစ်ဆင့် ရနောင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် မေလ (၆) ရက် နံနက် (၁) နာရီဝန်းကျင်တွင် ထိုင်းအမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဗင်ကားတစ်စီး ရောက်ရှိလာပြီး ၎င်းတို့ကို ရနောင်း မှ Sadao သို့ ခေါ်ဆောင်သွားခဲ့ကြောင်းနှင့် ထိုနေရာတွင် ကင်းလှည့်ယာဥ်က တွေ့ရှိသွားပြီး အဖမ်းခံရခြင်းဖြစ်ကြောင်း သိရသည်။



ဖေဖေါ်ဝါရီ (၁) ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း စီးပွားရေးအခြေအနေ သိသိသာသာ ယိုယွင်းလာသည့် မြန်မာနိုင်ငံမှ ရာနှင့်ချီသော တရားမဝင် ရွှေ့ပြောင်းလုပ်သားများမှာ အန္တရာယ်ရှိသည့်ကြားမှ ထိုင်းနိုင်ငံအတွင်းသို့ နေ့စဥ် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေကြဆဲ ဖြစ်သည်။

၂၀၂၁ခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ ၈၀,၀၀၀ ခန့်ကို ဖမ်းဆီးခဲ့ရာ အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။



သို့သော် အာဏာပိုင်တွေ ဖမ်းဆီးမှုကနေ လွတ်မြောက်သွားသည့် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁၀၀,၀၀၀ အထိ ရှိနိုင်ကြောင်းနှင့် ၎င်းတို့မှာ ယခုအခါ ထိုင်းနိုင်ငံ၏ နေရာစုံတွင် အလုပ်လုပ်ကိုင်နေကြကြောင်း ရွှေ့ပြောင်းလုပ်သားများနှင့် ချိတ်ဆက်ထားသော အဖွဲ့များက ပြောသည်။

ထိုင်းနိုင်ငံသည် ကပ်ရောဂါကနေ စီးပွား‌ရေး ဆက်လက်ပြီး နာလန်ထူလာနေရာ နိုင်ငံတွင် ကုန်ထုတ်လုပ်ရေး၊ ဝန်ဆောင်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများအတွက် ရွှေ့ပြောင်းလုပ်သား ၈၀၀,၀၀၀ ခန့် လိုအပ်နေကြောင်း ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် Federation of Thai Industries က ယခုနှစ် အစောပိုင်းတွင် ပြောခဲ့သည်။



Source: Bangkok Post