တာချီလိတ်မြို့ရှိ ဟိုတယ်ကာစီနို နှင့် ပြင်ပလောင်းကစားဝိုင်းများကို ယာယီ ပိတ်ခိုင်းထား

တာချီလိတ်မြို့ရှိ ဟိုတယ်ကာစီနို နှင့် ပြင်ပလောင်းကစားဝိုင်းများကို ယာယီ ပိတ်ခိုင်းထား

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ဟိုတယ်နှင့်အခြားနေရာများတွင် ဖွင့်လှစ်ထားသည့် ကာစီနိုနှင့်လောင်းကစားများကို   ယနေ့ မေလ(၅)ရက်နေ့ ညနေပိုင်းကစပြီး ယာယီပိတ်ခိုင်းထားကြောင်း သိရသည်။

"ဟိုတယ်ကာစီနို နဲ့ပြင်ပလောင်းကစားဝိုင်းတွေ၊ ငါးဂိမ်းခုံတွေက အစ ပိတ်ခိုင်းထားတယ်။ 1G1 နားက လောင်းကစားဝိုင်းနေရာတွေမှာလည်း ပိတ်ထားတာတွေ့တယ်။ ဟုန်ပန်းကွင်းနဲ့ရောင်နီဦးတော့ ပိတ် မပိတ်တော့သိဘူး။ တခြားနေရာ တော်တော်များများတော့ ပိတ်ထားရပြီ။ နက်ဖြန် နေပြည်တော်က စစ်ဆေးမဲ့ အဖွဲ့လာမယ်လို့ ကြားတယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။ 

တာချီလိတ်မြို့တွင် ၂၀၂၂ခုနှစ် ဧပြီလ(၂၄)ရက်နေ့က ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြား (၁၂)သန်းကျော်နှင့် ပတ်သက်ပြီး ဆင့်ကဲဖြစ်စဉ်များကို စစ်ဆေးရန်အတွက် နေပြည်တော်က လာရောက်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။