ချင်းတွင်းမြစ်လယ်ပေါ်က တရားမဝင်ရွှေမျောများ ရပ်တန့်ရန် PDF သတိပေး

ချင်းတွင်းမြစ်လယ်ပေါ်က တရားမဝင်ရွှေမျောများ ရပ်တန့်ရန် PDF သတိပေး

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်၊ ဆင်ခေါင်းကျေးရွာအနီး ချင်းတွင်းမြစ်လယ်တွင် အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထောက်ပံ့ပြီး တရားမဝင်ရွှေမျောများ မောင်းနှင်ခြင်းကို ရပ်တန့်ရန် People's Defence Force - Kalewa က ယနေ့ ဧပြီလ(၄)ရက်နေ့တွင် ထပ်မံသတိပေးထုတ်ပြန်လိုက်သည်။

ရွှေမျောအား လုံးဝရပ်တန့်ရန်နှင့် မရပ်တန့်ပါက ဦးဆောင် ဦးမြှောက်ပင့် လုပ်ဆောင်နေသည့် သူများနှင့် ရွှေမျော လုပ်ဆောင်နေသူများ၏ အသက်အန္တရာယ်ကို တာဝန်ယူနိုင်မည် မဟုတ်ကြောင်း သတိပေးထားသည်။

 အဆိုပါ ရွှေမျော မရပ်နားဘဲ ဆက်လက်လုပ်ကိုင်နေရေးအတွက် ဦးဆောင် မြှောက်ပင့်ပေးနေကြသူ အနီးအနား ကျေးရွာများမှ ထွေအုပ် အုပ်ချုပ်ရေးမှူးများ၊ ထွေအုပ်စာရေးများနှင့် ခေတ်ပျက်လုပ်ငန်းရှင် ဦးဆောင်နေသူများက ဆက်လက်မောင်းနှင် လုပ်ကိုင်ရန် တွန်းအားပေးနေကြသည်ကို သိရသဖြင့် ယင်းသို့ ထပ်မံ သတိပေးရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တားမြစ်ချက်ကို မလိုက်နာပဲ ဆက်လက်မောင်းနှင်လုပ်ကိုင်နေသည့်အတွက် ဧပြီလ(၁)ရက်နေ့က ရွှေမျောသို့သွားရောက်၍ ရပ်နားရန် သေနတ်ပစ်ဖောက် သတိပေးမှုပြုလုပ်ခဲ့ ကြောင်း သိရသည်။