တာချီလိတ်ဘက်သို့ မူးယစ်ရောင်းရငွေများ လွှဲပို့နေသူကို မယ်ဆိုင်ဘက်တွင် ဖမ်းဆီးရမိ

တာချီလိတ်ဘက်သို့ မူးယစ်ရောင်းရငွေများ လွှဲပို့နေသူကို မယ်ဆိုင်ဘက်တွင် ဖမ်းဆီးရမိ

 ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ မူးယစ်ဆေးရောင်းချငွေများ ဒိုင်ခံလွှဲပို့ပေးနေသူတစ်ဦး အပါအဝင် ဆက်စပ်သူများကို ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးရမိထားကြောင်း သိရသည်။

အဆိုပါ ငွေလွှဲပေးပို့သူသည် ပြီးခဲ့သည့် တစ်နှစ်အတွင်း ထိုင်းဘတ်သန်းပေါင်း (၅၀၀)ကျော်ကို လွှဲပို့ပေးထားသူဖြစ်ပြီး ငွေလွှဲပေးပို့သူကို ၂၀၂၂ ခုနှစ် ဧပြီလ (၁) ရက်နေ့က ၎င်း၏ မယ်ဆိုင်မြို့ရှိနေအိမ်တွင် ဖမ်းဆီးရမိထားခြင်းဖြစ်ကြောင်း သိရသည်။

ငွေလွှဲပေးပို့ခြင်းများကို ၎င်း၏ ပစ္စည်းပို့လုပ်ငန်းအား အသုံးပြုလုပ်ကိုင်နေခြင်းဖြစ်ပြီး လွန်ခဲ့သည့် တစ်နှစ်အတွင်း ငွေလွှဲပေးပို့ခြင်းကို ယင်းနည်းအသုံးပြု၍ ပေးပို့ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ချင်းရိုင်းတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့က စိတ်ကြွဆေးပြားပေါင်း (၁.၂)သန်း ဖမ်းဆီးရမိသူ (၄) ဦးနှင့်ဆက်စပ်ပြီး အဆိုပါ ငွေလွှဲပေးပို့နေသူကို ဖေါ်ထုတ်ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်မှ ငွေလွှဲသူ အပါအဝင် မူးယစ်မှုနှင့် ဆက်စပ်သူ (၁၈) ဦး ကို ခရိုင် (၁၂)ခုတွင် ဧပြီလ (၁) ရက်နေ့က ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စီးနင်းမှုများအတွင်း စိတ်ကြွရူးသွပ်ဆေးပြား (၁၇) သန်း၊ ဆေးခြောက် (၅၈၅) ကီလိုဂရမ်၊ ဘိန်းဖြူ (၉.၆) ကီလိုဂရမ်၊ ဘိန်းမည်း (၂၄) ကီလိုဂရမ်အပြင် ဘတ်သန်း (၂၀၀)တန်ဖိုးရှိ ပိုင်ဆိုင်မှုများကိုလည်း သိမ်းဆည်းထားကြောင်း သိရသည်။



Source: Bangkok Post

Photo: Maesaipress