အာဏာသိမ်းစစ်ကောင်စီအဖွဲ့က မန္တလေးနှင့်ပြင်ဦးလွင်မြို့များရှိ ဟိုတယ်ပေါင်း (၆၀)ဝန်းကျင်ထံက သင်္ကြန်အတွက် ကျပ်(၁)သိန်းစီ တောင်းရမ်း

 အာဏာသိမ်းစစ်ကောင်စီအဖွဲ့က မန္တလေးနှင့်ပြင်ဦးလွင်မြို့များရှိ ဟိုတယ်ပေါင်း (၆၀)ဝန်းကျင်ထံက သင်္ကြန်အတွက် ကျပ်(၁)သိန်းစီ တောင်းရမ်း

၂၀၂၂ သင်္ကြန်ပွဲကို စည်စည်ကားကား ကျင်းပမည်ဟု ကြွေးကြော်ထားသည့် အာဏာသိမ်း စစ်ကောင်စီအဖွဲ့က မန္တလေး နှင့် ပြင်ဦးလွင်မြို့များတွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ရန် ဟိုတယ် တစ်ခုလျှင် ကျပ်(၁)သိန်း မဖြစ်မနေ ထည့်ကြရန် အဓမ္မကောက်ခံ တောင်ရမ်းနေပြီး မပေးချင်သူများလည်း ပေးနေရကြောင်း သိရသည်။

တချို့ Hotel များမှာ ပြည်သူများစိတ်ဆင်းရဲနေချိန် အားမပေးနိုင်ကြောင်း ကောက်ခံသည့် ငွေမထည့်ရန် ကန့်ကွက်သူများလည်း ရှိသော်လည်း Hotel လုပ်ငန်းနှင့် ပတ်သက်၍ ဆက်လက်လုပ်ကိုင်လိုပါက ပေးဆောင်ကြရမည်ဖြစ်ကြောင်း စကစမှ ဖိအားပေး ခြိမ်းခြောက်ပြောဆိုလျက်ရှိသည်

ဟု CDM ရဲတပ်ဖွဲ့၏ Myanmar Police CDM Channel - MPCC က ထုတ်ဖော်ထားသည်။

 မန္တလေးနှင့်ပြင်ဦးလွင်မြို့များ ဟိုတယ်၊ မိုတယ်ပေါင်း (၆၀)ဝန်းကျင်ရှိပြီး သင်္ကြန်မဏ္ဍပ်များတွင် လူစည်ကားသည်ကို ပြသချင်၍ ဟိုတယ်ဝန်ထမ်းများ၏ အင်အားပါ ပေးရမည်ဟုလည်း တောင်းဆိုထားပြီး ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များလည်း လျော့နည်းခြင်းမရှိရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို မြို့နယ်အုပ်ချုပ်ရေးမှူးများက ညွှန်ကြားထားသည်ဟုလည်း သိရသည်။