စားသုံးရန်မသင့်သည့် အသားလုံးနှင့်အသားချောင်းများကို FDA က ကြေညာ

စားသုံးရန်မသင့်သည့် အသားလုံးနှင့်အသားချောင်းများကို FDA က ကြေညာ

 ဈေးကွက်များအတွင်း ရောင်းချနေပြီး ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှ မတ်လအထိ စစ်ဆေးတွေ့ရရှိရသည်များထဲက စားသုံးရန် မသင့်သည့် အသားလုံး နှင့် အသားချောင်း (၉)မျိုး၏ အမည်များကို FDA က ဧပြီလ(၁)ရက်နေ့တွင် ကြေညာလာသည်။

စားသုံးရန်မသင့်ကြောင်း သတ်မှတ်ထားသည့် အသားလုံးများနှင့်အသားချောင်းများကို စားသုံးမိပါက ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် မျက်လုံး နှင့် အရေပြားယားယံခြင်း၊ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းအပြင် ရေရှည်တွင် အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ပြီး ကင်ဆာရောဂါများပါ ဖြစ်ပွားစေနိုင်သည့်အတွက် စားသုံးရန်မသင့်ကြောင်း FDA က ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။

FDA က ကြေညာထားသည့် စားသုံးရန်မသင့်တင့် အစားအသောက်များကို ရောင်းချပါက ဖြန့်ဖြူးခြင်းများ ပြုလုပ်ပါက အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈(က)အရ အရေးယူခံရနိုင်သည်ဟုလည်း အသိပေးထားရှိသည်။