NLD လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပါတီဝင်များ၏ နေအိမ်နှင့်လုပ်ငန်းအဆောက်အဦ (၂၈၀)ကျော် ချိတ်ပိတ်ခံထားရပြီး ပါတီဝင် (၆၄၅)ဦး ဖမ်းဆီး ခံထားရ

NLD လွှတ်တော်ကိုယ်စားလှယ်များ နှင့် ပါတီဝင်များ၏ နေအိမ်နှင့်လုပ်ငန်းအဆောက်အဦ (၂၈၀)ကျော် ချိတ်ပိတ်ခံထားရပြီး ပါတီဝင် (၆၄၅)ဦး ဖမ်းဆီး ခံထားရ

နိုင်ငံအတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီက ၂၀၂၂ခုနှစ် မတ်လ(၁၈)ရက်နေ့အထိ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်များ နှင့် NLD ပါတီဝင်များ၏ နေအိမ် နှင့် လုပ်ငန်း အဆောက်အဦ စုစုပေါင်း(၂၈၀)ကျော်ကို ချိတ်ပိတ်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၂ခုနှစ် မတ်လ(၁၈)ရကင်နေ့က သတင်းထုတ်ပြန်လာသည်။

နေအိမ်နှင့်လုပ်ငန်းများ ချိတ်ပိတ်ခံရမှုများတွင် NLD လွှတ်တော်ကိုယ်စားလှယ် (၉၅)ဦး နှင့် ပါတီဝင် (၆၀)ဦး တို့၏ နေအိမ်(၁၆၂)လုံး နှင့် လုပ်ငန်းအဆောက်အဦ (၂၄)လုံး ချိတ်ပိတ်ခံရသည့်အပြင် ယာဉ်(၄)စီးလည်း သိမ်းဆည်းခံရကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်များတွင် ချိတ်ပိတ်ခံရသည့် အများဆုံးအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းက နေအိမ်နှင့်လုပ်ငန်းအဆောက်အဦ စုစုပေါင်း (၅၂)လုံး အများဆုံး ပါဝင်ပြီး ဒုတိယအများဆုံးအဖြစ် မန္တလေးတိုင်းထဲက နေအိမ်(၂၂)လုံး နှင့် လုပ်ငန်းအဆောက်အဦး (၅)လုံး ပါဝင်သည်။

ယင်းအပြင် CRPH၊ NUG နှင့် PDF များနှင့် ပတ်သက်မှုရှိသည်ဟုဆိုကာ ချိတ်ပိတ်ခံရသည့် ပြည်သူ့ အိုးအိမ်လုပ်ငန်းများမှာလည်း စုစုပေါင်း(၁၁၅)ဦးလုံးအထိ ရှိကြောင်းလည်း သိရသည်။

ချိတ်ပိတ်မှုများအပြင် မတရားဖမ်းဆီးခံရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင် အရေအတွက်မှာလည်း (၆၄၅)ဦးအထိ ရှိနေကြောင်းနှင့် ဖော်ပြပါစာရင်းမှာ NLD မှ ပြုစုရရှိထားသည့် စာရင်းများဖြစ်ပြီး စာရင်းမရရှိသေးသည့် အရေအတွက်များလည်း ကျန်နိုင်သေးသည်ဟု သိရသည်။

info: NLD