ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုက လူနေထူထပ်သည့် နေရာများကို ပစ်မှတ်ဖြစ်လာ၊ (၁၁)ရက်အတွင်း စစ်ရှောင်ပြည်သူ (၁.၅)သန်းဝန်းကျင်ရှိ  

ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုက လူနေထူထပ်သည့် နေရာများကို ပစ်မှတ်ဖြစ်လာ၊ (၁၁)ရက်အတွင်း စစ်ရှောင်ပြည်သူ (၁.၅)သန်းဝန်းကျင်ရှိ  

ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုသည် တဖြေးဖြေးနှင့် လူနေထူထပ်သည့် နေရာများနှင့် နေအိမ်များအထိပါ ပစ်မှတ်ထား တိုက်ခိုက်လာနေသည့်အပြင် အိမ်နီချင်းနိုင်ငံများသို့ တိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူ (၁.၅)သန်းဝန်းကျင်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံတွင်းမှ စစ်ရှောင်ပြည်သူများသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိမ်နီးချင်း ပိုလန်၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား နှင့် အခြားနိုင်ငံများသို့ ထွက်ပြေးနေကြရပြီး ယနေ့အချိန်အထိ စစ်ရှောင်ပြည်သူ (၁.၅)သန်းဝန်းကျင်အထိ  ရှိလာနေပြီး လက်ရှိ အခြေအနေများအရ ကျူးကျော်စစ်ရပ်တန့်ခြင်းမရှိလျှင် ဒုက္ခသည် (၄)သန်းအထိ တိုးလာနိုင်သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ 

ယနေ့ မတ်လ(၆)ရက်နေ့  နံနက်ပိုင်းကလည်း အိုးဘရက်မြို့သို့ ရုရှားဒုံးကျည်တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ် (၃၀)လုံး ပျက်စီးခဲ့ရသည်။

ကျူးကျော်တိုက်ခိုက်မှု (၁၁)ရက်အထိ ကြာလာပြီဖြစ်ပြီး နောက်ထပ် ပြုလုပ်မည့် ရုရှား - ယူကရိန်း အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲကို  ယခုရက်ပိုင်းတွင် ပြုလုပ်ရန် လျာထားသော်လည်း တွေ့ဆုံမည့် နေရာကိုတော့ အတည်မပြုနိုင်သေးဟု သိရသည်။

ယူကရိန်းတွင် ယနေ့အချိန်အထိ ရုရှား၏ ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်နေသလို တိုက်ပွဲဖြစ်ပွားရာ ဒေသများအကြား ပိတ်မိနေသည့် ပြည်သူများကိုလည်း ယူကရိန်းသမ္မတဟောင်းအပါအဝင် အဖွဲ့များက အသီးသီး ကယ်ထုတ်နေကြသည်။

Source: The Independent , ABC News

Photo: Reuters, AP, AFP, ABC