ဒီပဲယင်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပစ်ခတ် တိုက်ခိုက်

ဒီပဲယင်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပစ်ခတ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့‌ မတ်လ(၁)ရက်နေ့ ည(၉)နာရီ (၄၅)မိနစ်ဝန်းကျင်က တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံမှ သိရသည်။

၎င်းရဲစခန်းကို ကောင်းကင်၊ စွယ်တော်၊ ဇာမဏီ မဟာမိတ် (၃)ဖွဲ့  ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံများဘက်က သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရခြင်းကြောင့် ရဲစခန်းအတွင်းမှ ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

ရဲစခန်းပစ်ခတ်ခံရသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ စစ်ဆေးလာနိုင်သဖြင့် ပြည်သူများ ဂရုစိုက်သွားလာကြရန်လည်း မေတ္တာရပ်ခံထားသည်။