ခမရ ၃၅၁ ၏ တပ်ရင်းမှူး ပြည်သူနှင့်အတူ ပူးပေါင်းကာ CDM ပြုလုပ်

ခမရ ၃၅၁ ၏ တပ်ရင်းမှူး ပြည်သူနှင့်အတူ ပူးပေါင်းကာ CDM ပြုလုပ်

ပဲခူးတိုင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ကျောက်ကြီးတပ်နယ်မှ အမှတ်(၃၅၁)ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် အာဏာသိမ်းစစ်ကောင်စီလက်အောက်မှထွက်ပြီး  ပြည်သူနှင့်ပူးပေါင်းလာကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းက Tachileik News Agency သို့ အတည်ပြုသည်။

အဆိုပါ တပ်ရင်းမှူးသည် ယမန်နေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့က  လွတ်မြောက်နယ်မြေကို ရောက်ရှိ‌နေပြီဖြစ်ကြောင်း သိရသည်။

ရှေ့တန်းထွက်ရင်း ပြည်သူနဲ့ ‌ပူးပေါင်းလိုက်တာ။ တပ်ထဲမှာ သူ့မိန်းမကျောင်းဆရာမနဲ့ ကလေးတွေကို စစ်တပ်က ထိန်းလိုက်တယ်လို့ သိရတယ်။ တပ်ကိုပိတ်ပြီး ဘယ်သူမှ အပြင် မထွက်ခိုင်းဘူးတဲ့။

ဟု ဒုဗိုလ်မှူးကြီး မျိုးမင်းထွန်းနှင့် နီးစပ်သူများက Tachileik News Agency သို့ ပြောသည်။

ပြီးခဲ့ရက်များက ပြည်သူ့ပန်းတိုင်အဖွဲ့၏ ထုတ်ပြန်ထားချက်အရ ပြည်သူနှင့်ပူးပေါင်းလာသည့် ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ(၃)ဦးရှိကြောင်း သိရသည်။