ရိုဟင်ဂျာများအ‌ပေါ် လူမျိုးတုံးသတ်ဖြတ်မှုအား တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် NUG က အမေရိကန်အစိုးရ နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်

ရိုဟင်ဂျာများအ‌ပေါ် လူမျိုးတုံးသတ်ဖြတ်မှုအား တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် NUG က အမေရိကန်အစိုးရ နှင့် ပူးပေါင်း လုပ်ဆောင်သွားမည်

ရိုဟင်ဂျာများအ‌ပေါ် လူမျိုးတုံးသတ်ဖြတ်မှုအား တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အမေရိကန်နှင့်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဦးအောင်မျိုးမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ဧပြီလ(၆)ရက်နေ့က ရေးသားထားသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ကမ္ဘာလုံးဆိုင်ရာ ရာဇ၀တ်မှု  နှင့် တရားမျှတမှုဆိုင်ရာ သံအမတ်ကြီးနှင့် တွေ့ဆုံပြီး ယင်းသို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ခရီးစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် အဖွဲ့တို့ သွားရောက်နေခြင်းဖြစ်ပြီး အမေရိကန်အစိုးရ၏ အကြံပေးပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလုံခြုံရေးကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။



၎င်းတို့နှင့်‌ တွေ့ဆုံရာတွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ချမှတ်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်၊ လူသားချင်း စာနာ‌ထောက်ထားရေး အပါအဝင် အမေရိကန်မှ ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ ငွေကြေးကိစ္စကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအား အကြမ်းဖက်စစ်တပ်က ကျူးလွန် ကြောင်းကို အမေရိကန်အစိုးရက လက်ခံကြေညာခဲ့ခြင်းဖြစ်သည်။