ပစ်ခတ်ခံရသည့် ပိန်းကန်ရဲစခန်းအတွက် စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်း လမ်းမှာ မိုင်းဆွဲခံရ

ပစ်ခတ်ခံရသည့် ပိန်းကန်ရဲစခန်းအတွက် စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်း လမ်းမှာ မိုင်းဆွဲခံရ
ဖေဖော်ဝါရီ 28, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ ခရမ်းမြို့၊ ပိန်းကန်ကျေးရွာရှိ ပိန်းကန်ရဲစခန်း ယနေ့‌ ဖေဖော်ဝါရီလ(၂၈)ရက်၊ ညနေ(၃)နာရီဝန်းကျင်က ပစ်ခတ်ခံရသဖြင့် စစ်ကူသွားသည့် စစ်ကောင်စီယာဉ်တန်း ထပ်မံ မိုင်းဆွဲခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပိန်းကန်ရဲစခန်း ပစ်ခတ်ခံရပြီးနောက် (၃)နာရီခွဲတွင် စစ်ကူလာသည့် စစ်‌ကောင်စီတပ်၏ ကားနှစ်စီး တမံကြီးကျေးရွာ၌ မိုင်းခွဲခံရခြင်း ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ညနေ(၄)နာရီဝန်းကျင်တွင် ကျုံတူးကျေးရွာ၌ စစ်ကောင်စီကားတစ်စီး ထပ်မံမိုင်းခွဲခံရပြီး သေဆုံး၊ ထိခိုက်မှုအခြေ အနေကို စုံစမ်းနေဆဲဖြစ်သည်။