စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေ၍  လမ်းပိုင်း (၅)ခုပေါ် သွားလာခြင်း မပြုလုပ်ရန် ချောင်းဦး PDF က အရေးပေါ် သတိပေး

မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း၊ ချောင်းဦး - ပခုက္ကူလမ်းပိုင်း၊ မုံရွာ - အမြင့် - တောကျောင်းကြီးလမ်းပိုင်း၊ ခင်မွန် - ကျီကုန်း - ရွှေဒါးကျလမ်းပိုင်းနှင့် ချောင်းဦး - အမြင့်လမ်းပိုင်း

ဖေဖော်ဝါရီ 23, 2022 | အခြားဒေသများ

အကြမ်းဖက်စစ်ကောင်စီ တပ် နှင့် တိုက်ပွဲဖြစ်ပွားနေသဖြင့် ခရီးသွားပြည်သူများ ထိခိုက်မှုမရှိစေရန် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ လမ်းပိုင်းများအား သွားလာခွင့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့တွင် အရေးပေါ်သတိပေးကြေညာချက် ထုတ်ပြန်သည်။

ယင်းလမ်းပိုင်းများမှာ ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း၊ ချောင်းဦး - ပခုက္ကူလမ်းပိုင်း၊ မုံရွာ - အမြင့် - တောကျောင်းကြီးလမ်းပိုင်း၊ ခင်မွန် - ကျီကုန်း - ရွှေဒါးကျလမ်းပိုင်းနှင့် ချောင်းဦး - အမြင့်လမ်းပိုင်းတို့ဖြစ်ပြီး ယနေ့ဖေဖော်ဝါရီလ (၂၃)ရက်၊ နေ့လည်(၁၂)ခွဲမှ စတင်ပိတ်လိုက်ကြောင်း သိရသည်။

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါ လမ်းပိုင်းများကို လုံးဝ အသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးကို အာမ မခံပါကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ လမ်းပိုင်းများတွင် သွားလာနေကြသေ ာမော်တော်ယာဉ်များ အနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင် ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းများကို လက်ရှိအသုံးပြုလျှက်ရှိသူများကိုလည်း အကြောင်းကြားပေးကြရန် မေတ္တာရပ်ခံထားသည်။