ဖယ်ခုံတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း စကစ တပ်သား (၅)ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် စစ်လက်နက်ပစ္စည်းများ [ Photo: ဖယ်ခုံ PDF ]
သိမ်းဆည်းရမိသည့် စစ်လက်နက်ပစ္စည်းများ [ Photo: ဖယ်ခုံ PDF ]
ဖယ်ခုံတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း စကစ တပ်သား (၅)ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
ဖေဖော်ဝါရီ 22, 2022 | ရှမ်းတောင်

ဖယ်ခုံတွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

ရှမ်း - ကရင်နီ(ကယား)နယ်စပ်၊ ဖယ်ခုံမြို့၊ လွယ်ပါသာဘုရားတောင်နှင့် ကုန်းဆုံဘုရားတောင်တို့တွင် တပ်စွဲထားသည့် အာဏာသိမ်း စစ်ကောင်စီတပ်ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၅)ဦးသေပြီး လက်နက်များ သိမ်းဆည်းရမိကြောင်း ဖယ်ခုံ PDF ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်တပ်များက တပ်မတော်နည်းပညာလက်ရုံးတပ်၏ အကူအညီဖြင့် တပ်မ(၅၅)လက် အောက်ခံ ကလောအခြေစိုက် ခလရ(၇ )အထိုင်ချထားသည့် ယင်းတောင်ကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တိုက်ပွဲမှာ တစ်နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား (၅) ဦးထက်မကသေကာ အများအပြားဒဏ်ရာရရှိခဲ့သည့်အပြင် ဘီအေ (၁၀၀)တစ်လက်၊ အမ်အေ(၃)တစ်လက်၊ ကျည်တစ်ချို့နှင့် စစ်သုံးပစ္စည်းအနည်းငယ် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် ဖယ်ခုံ PDF မှ ရဲဘော် ၃ ဦးဒဏ်ရာရပြီး တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိသဖြင့် ဆေးကုသမှုခံယူနေရ‌ကြောင်း သိရသည်။