အာဏာသိမ်းစစ်ကောင်စီတပ်မှ တိုက်လေယာဉ်တစ်စီး စစ်ကိုင်းတိုင်းအတွင်း ပျက်ကျ

 မန္တလေးတိုင်း၊ မိတ္ထီလာတပ်နယ်(မုန်တိုင်)၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က ပြုလုပ်သည့်  (ကြည်း) (လေ)၊ အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းမှ တိုက်လေယာဉ်ပျံသန်း

By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စီး ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၆)ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းအတွင်း ပျက်ကျသွားကြောင်း အာဏာသိမ်းစစ်တပ်ပိုင် မြဝတီသတင်းဌာနက ကြေညာသည်။

မန္တ‌လေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ လေ့ကျင့်ပျံသန်းလျက်ရှိသည့် တိုက်လေယာဉ်တစ်စီး ယနေ့ နံနက်(၁၁)နာရီဝန်းကျင်တွင် ဆက်သွယ်ရေးပြတ်တောက်သွားခဲ့သဖြင့် အခြားလေယာဉ်တစ်စီးဖြင့် လိုက်လံရှာဖွေရာ စစ်ကိုင်းတိုင်း၊ အုန်းတောကျေးရွာ အရှေ့ဘက်တွင် စက်ချို့ယွင်းပျက်ကျနေသည်ကို တွေ့ရသည်ဟု ကြေညာသည်ကို တွေ့ရသည်။

အဆိုပါ လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူရှိသည်ဟု သိရသည်။