NUG လူသားစာနာ ဒုတိယဝန်ကြီး ချင်းပြည်နယ်တောင်ပိုင်းသို့ သွားရောက် 

NUG လူသားစာနာ ဒုတိယဝန်ကြီး ချင်းပြည်နယ်တောင်ပိုင်းသို့ သွားရောက် 
အောက်တိုဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ်(တောင်ပိုင်း)သို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့တွင် NUGက သတင်းထုတ်ပြန်သည်။

ဝန်ကြီးသည် မြေပြင်ရှေ့တန်းစခန်းတာဝန်ခံများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊  မိုးတွင်းကာလ မြေပြိုမှုများကြောင့် ပြည်သူများ အသုံးပြုနေသော လမ်းများပျက်စီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး လမ်းများပြန်လည်ပြုပြင်ရန်အတွက် ငွေကျပ်သိန်း(၂၀)ကူညီပေးခဲ့သည်ဟုဆိုသည်။ 

ထို့အပြင် သက်ဆိုင်ရာမြို့နယ်အသီးသီးမှ ဒေသခေါင်းဆောင်များနှင့်လည်းတွေ့ဆုံ၍ ချင်းပြည်နယ်တော်လှန်ရေးအခြေအနေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ လက်ရှိတော်လှန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှု အနေအထားများနှင့် ခရီးစဉ်အတွင်း တွေ့ရှိခဲ့သည့် မြေပြင်အခြေအနေ လိုအပ်ချက်များကို ညှိနှိုင်းခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Ministry of Humanitarian Affairs and Disaster Management - NUG