ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၅)ဦးကို တာချီလိတ်သို့ လာရောက်လွှဲပြောင်းရာ ကိုရိုနာဗိုင်းရပ်စစ် နှင့် ပတ်သက်၍ စစ်ဆေးပြီးမှ လက်ခံ

မတ် 3, 2020
By Tachileik News Agency
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၅)ဦးကို တာချီလိတ်သို့ လာရောက်လွှဲပြောင်းရာ ကိုရိုနာဗိုင်းရပ်စစ် နှင့် ပတ်သက်၍ စစ်ဆေးပြီးမှ လက်ခံ

ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၅) ဦးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၃)ရက်နေ့ နံနက် (၁၀)နာရီခွဲတွင် မယ်ဆိုင်လဝကတာဝန်ရှိသူများက တာချီလိတ်သို့ လာရောက်လွှဲပြောင်းပေးသည်။

လွှဲပြောင်းပေးလာသူများအား ကျန်းမာရေးက ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စစ်ဆေးမှုများ ပြုလုပ်ပေးပြီးနောက် လ၀က နှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ပါဝင်လာခြင်း ရှိ မရှိကို စိစစ်ပြီးမှ လက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား (၅)ဦးမှာ ရှမ်းပြည်နယ်အတွင်းမှ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သူများဖြစ်ပြီး တရားမဝင် သွားရောက်ခြင်းနှင့် ခွင့်ပြုနယ်မြေထက်ကျော်လွန်သွားရောက်ခြင်းတို့ကြောင့် ဖမ်းဆီးခံရပြီးနောက် ပြစ်ဒဏ်စေ့၍ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်သား (၅)ဦးကို မယ်ဆိုင်မြို့မှ လဝကအရာရှိ Channarong Phumipol ဦးစီးသည့်အဖွဲ့က လာရောက်လွှဲပြောင်းပေးပြီး တာချီလိတ်မှ ဒုလဝကမှူး ဦးအောင်ဇော်လင်းဦးစီးသည့်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးအဖွဲ့နှင့် CNCMC အဖွဲ့တို့က စိစစ်လက်ခံကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~