ရှမ်း - ကယားနယ်စပ် ကုန်းဆုံဘုရားတောင် တိုက်ပွဲတွင် ဖယ်ခုံ PDF ၏ အမျိုးသမီးစစ်သည်တော် တစ်ဦး ပါဝင် တိုက်ခိုက်ခဲ့

ရှမ်း - ကယားနယ်စပ် ကုန်းဆုံဘုရားတောင် တိုက်ပွဲတွင် ဖယ်ခုံ PDF ၏ အမျိုးသမီးစစ်သည်တော် တစ်ဦး ပါဝင် တိုက်ခိုက်ခဲ့
ဇန်နဝါရီ 29, 2022 | အခြားဒေသများ

ရှမ်း - ကယားနယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း  ကုန်းဆုံဘုရားတောင်၌ ဖြစ်ပွားသည့် ယနေ့ ဇန်နဝါရီလ(၂၉)ရက်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မှ အမျိုးသမီး စစ်သည်တော်တစ်ဦး ပါဝင် တိုက်ခိုက်ခဲ့ကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်လာသည်။ 

ဖယ်ခုံ PDF မှ ဂျက်မ ဟုခေါ်သည့် အမျိုးသမီးစစ်သည်တော်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားကိုလည်း ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

၎င်းသည် အထူးကွန်မန်ဒိုသင်တန်း၏ သင်တန်းသား(၃၀)ထဲတွင် ပါဝင်သည့် တစ်ဦးတည်းသော အမျိုးသမီး စစ်သည်တော်ဖြစ်ပြီး သေနတ်ပစ်စွမ်းရည်တွင် ယောကျ်ားလေးစစ်သည်များကို ကျော်ဖြတ်ကာ ပစ်မှတ်ဗဟို (၃)ချက်လုံး ထိမှန်ခဲ့ကာ ပထမဆွတ်ခူးခဲ့သူဖြစ်ကြောင်း သိရသည်။

ကုန်းဆုံဘုရားတောင်တိုက်ပွဲတွင်  အကြမ်းဖက် စစ်ကောင်စီ တပ်၏ DSA 49 မှ ဗိုလ်ကြီး စိုးနိုင် အပါအဝင် (၁၀)ဦးထက် မနည်း ကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရသွားကြောင်း ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲအတွက် စစ်ရေးဗျူဟာကို အမျိုးသမီးစစ်သည်တော် ဂျက်မ အပါဝင် ရဲဘော်အားလုံးက ၎င်းတို့ စိတ်ကြိုက်တာဝန်ယူရန် အပိုင်းများကို ကိုယ်တိုင် ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ခိုက်ရေး အထူးကွန်မန်ဒိုသင်တန်းဆင်း အမျိုးသမီးစစ်သည်တော် ဂျက်မသည် ပထမနှစ်‌ကျောင်းသူဖြစ်ပြီး ပညာရေးကို စွန့်လွတ်ကာ အာဏာရှင်ကို  တော်လှန်နေသူဖြစ်သည်။

ဆက်စပ်သတင်း

လွိုင်ကော်မြို့သို့ အင်အားဖြည့်ရန်လာသည့် သံချပ်ကာ နှင့် တင့်ကားပါ ယာဉ်တန်း တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်၏ စစ်ကား(၃)စီး ပျက်ဆီးကာ (၂)ဦး သေဆုံး