ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ် (၁၆)နှစ်စီ ချမှတ်

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် စီမံဘဏ္ဍာဝန်ကြီးတို့ကို အာဏာသိမ်းအဖွဲ့က ထောင်ဒဏ် (၁၆)နှစ်စီ ချမှတ်
ဇန်နဝါရီ 28, 2022 | ရှမ်းတောင်

အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်တို့ကို ထောင်ဒဏ် (၁၆) နှစ်စီ ချမှတ်လိုက်သဖြင့် ရှမ်းပြည်နယ်စီမံဘဏ္ဍာဝန်ကြီးမှာ လက်ရှိအချိန်ထိ စုစုပေါင်း ထောင်ဒဏ် (၅၄)နှစ် ရှိသွားပြီဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်တို့ကို စွပ်စွဲထားသည့် အဂတိလိုက်စားမှု (၄) မှုအတွက် တောင်လေးလုံးထောင်၏ ထောင်တွင်းတရားရုံးက စုစုပေါင်း ထောင်ဒဏ် (၁၆) နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးကို ယခင်က နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၁၂၄ (က)၊ ၁၂၄ (ဃ)၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က)၊ ၅၀၅ (ခ) တို့ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၃၀) ရက်နေ့က စုစုပေါင်း ထောင်ဒဏ် (၃၈) နှစ်နှင့် ငွေဒဏ် (၂) သိန်းကိုလည်း ချမှတ်ထားခဲ့ခြင်းဖြစ်သည်။