သီပေါ နှင့် ကျောက်မဲအကြားတွင် RCSS/SSA နှင့် TNLA၊ SSPP ပူးပေါင်းအဖွဲ့တို့ကြား အချိန် (၈)နာရီကြာတိုက်ပွဲဖြစ်ပွား

Photo: Mai Amm La Ngean
Photo: Mai Amm La Ngean
သီပေါ နှင့် ကျောက်မဲအကြားတွင် RCSS/SSA နှင့် TNLA၊ SSPP ပူးပေါင်းအဖွဲ့တို့ကြား အချိန် (၈)နာရီကြာတိုက်ပွဲဖြစ်ပွား
ဇန်နဝါရီ 28, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း ) သီပေါနှင့် ကျောက်မဲကြားတွင်  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့ နံနက်ပိုင်းက RCSS/SSA နှင့် TNLA၊ SSPP ပူးပေါင်းအဖွဲ့တို့ကြား (၈)နာရီကြာ တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

ယနေ့ နံနက် (၆)နာရီမှစ၍ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တပ်ပေါင်းစုနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဗူးခါကျေးရွာနှင့်  နားခေါ်ကျေးရွာ အနီးတစ်ဝိုက်တွင် ဖြစ်ပွားပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့၏ အရှေ့တောင်အရပ် ပန်ပေါင်း-ပန်ရောင်း ကျေးရွာများအနီးတွင် လွန်ခဲ့သည့် ရက်သတ္တပတ်ကတည်းက တိုက်ပွဲများစတင်နေ၍ အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံများ ကျောက်မဲမြို့ပေါ်သို့ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။