ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့က ဖမ်းဆီးခံထားရသူများ၏ လူမှုကွန်ယက် စာမျက်နှာများမှတဆင့် အဆက်အသွယ်အရ ကျန်လူများကို လိုက်လံရှာဖွေ ဖမ်းဆီးရန် ကြိုးစားနေ

ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့က ဖမ်းဆီးခံထားရသူများ၏ လူမှုကွန်ယက် စာမျက်နှာများမှတဆင့် အဆက်အသွယ်အရ ကျန်လူများကို လိုက်လံရှာဖွေ ဖမ်းဆီးရန် ကြိုးစားနေ
ဇန်နဝါရီ 21, 2022 | ရှမ်းမြောက်

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် တော်လှန်ရေးကာလအတွင်း ဆန္ဒပြလူငယ်များက ဖွဲ့စည်းထားသည့် တော်လှန်ရေးနှင့်သက်ဆိုင်သော Facebook Group များ၌ ပါဝင်သူများအား အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် စရဖ တို့က လိုက်လံရှာဖွေကာ ဖမ်းဆီးရန် ကြိုးစားနေသည်ဟု သိရသည်။ 

အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့် စရဖ၊ ရဲတပ်ဖွဲ့တို့က စွပ်စွဲဖမ်းဆီးထားသူများ၏ ဖုန်းများအတွင်းမှ လူမှုကွန်ယက်တွင် ခင်မင်ရင်းနှီးသူများနှင့် ပြောဆိုထားသော အချက်အလက်များကို စုဆောင်းကာ ပြင်ပ၌ ကျန်ရှိသူများကို လိုက်လံရှာဖွေနေခြင်း ဖြစ်သည်ဟု သိရသည်။

ဆန္ဒထုတ်ဖေါ်ရာ၌ ပါဝင်ခြင်း၊ ဆန္ဒထုတ်ဖေါ်ခြင်းနှင့် ပတ်သက်သည့် ဓါတ်ပုံ၊ ဗွီဒီယို စသည်တို့ကို လူမှုကွန်ယက်တွင် တင်ထားခြင်းနှင့် လက်ကိုင်ဖုန်းများအတွင်း ထားရှိခြင်းတို့ကို ကြည့်၍ အာဏာသိမ်းအဖွဲ့က လိုက်လံ စုံစမ်းရှာဖွေနေခြင်းဖြစ်သည်။ 

အာဏာသိမ်းအဖွဲ့သည် ကျောက်မဲမြို့နယ်တွင် ဇန်နဝါရီလ (၁၉) ရက်နေ့ နေ့လယ်ပိုင်းက နောင်ပိန်ကျေးရွာရှိ အသက် (၆၀) ဝန်းကျင် အမျိုးသားတစ်ဦးကို  စွပ်စွဲဖမ်းဆီးသွားသည့်အပြင် ကျောက်မဲမြို့ အမှတ်( ၉ )ရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ဆို ယခင်ရက်များအတွင်းက ယင်းကဲ့သို အကြောင်းမဲ့ရှာဖွေ ဖမ်းဆီးခြင်းခံရသည့် လူငယ်အချို့လည်း ကျောက်မဲမြို့မရဲစခန်းတွင် ချုပ်နှောင်ခံထားရပြီး ဖမ်းဆီးခံရပြီး တစ်ပတ်ခန့်ကြာမှသာ မိသားစုနှင့် အဆက်အသွယ်ပေးလုပ်သော်လည်း မိသားစုဝင်များနှင့် တွေ့ခွင့်မပေးကြောင်း သိရသည်။