တာချီလိတ်ဘက်က စိတ်ကြွရူးသွပ်ဆေးပြား (၆)သန်းကျော်ကို ထိုင်းနှင့် မြန်မာ နယ်စပ် မယ်ဆိုင်ဘက်အခြမ်းတွင် ဖမ်းမိ

Photo: MAESAIPRESS
Photo: MAESAIPRESS
တာချီလိတ်ဘက်က စိတ်ကြွရူးသွပ်ဆေးပြား (၆)သန်းကျော်ကို ထိုင်းနှင့် မြန်မာ နယ်စပ် မယ်ဆိုင်ဘက်အခြမ်းတွင် ဖမ်းမိ
ဇန်နဝါရီ 19, 2022 | နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၊ ကော့ချန်းဒေသအတွင်း တာချီလိတ်နှင့်နယ်စပ်အနီးတွင် Y 1 အမှတ်တံဆိပ်နှင့် 999 အမှတ်တံဆိပ်ပါ စိတ်ကြွရူးသွပ်ဆေးပြား (၆) သန်းကျော်ကို ထိုင်းစစ်တပ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ဖမ်းမိသည်ဟု သိရသည်။

တာချီလိတ်နှင့် တဖက် ထိုင်းနိုင်ငံ ကော့ချန်းဒေသ

ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများသည် မြန်မာဘက်က ထုတ်လုပ်သည့်ဆေးဝါးများဖြစ်ကြပြီး မယ်ဆိုင်မှ ချင်းရိုင်းဘက်သို့ သယ်ဆောင်ရန်ကြိုးစားစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနယ်စပ်လှည့်ကင်းအဖွဲ့က သံသယဖြစ်ဖွယ်ကားတစ်စီးကို တွေ့သဖြင့် တားဆီးစစ်ဆေးရာ အသက် (၂၈)နှစ်အရွယ် ယာဉ်မောင်းကို ဖမ်းမိပြီး ကားပေါ်တွင် ဆာလာအိတ် (၃၃) အိတ်ဖြင့် ထည့်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၆၆) သိန်းကို စစ်ဆေးတွေ့ရကြောင်းသိရသည်။

မြန်မာ - ထိုင်းနယ်စပ်ချောင်းအနီး ထိုင်းဘက်ခြမ်းတွင် ခြေရာများကိုတွေ့ရသဖြင့် အဆိုပါစိတ်ကြွဆေးပြားများကို ရေချောင်းအား ဖောင်ဖြင့်ဖြတ်၍ သယ်လာခြင်းဖြစ်မည်ဟု ထိုင်းဘက်က ခန့်မှန်းထားသည်။

 ဖမ်းမိသည့် စိတ်ကြွရူးသွပ်ဆေးပြားအထုပ်များပေါ်တွင် စာတန်းများကို အနီရောင်၊ အစိမ်းရောင်၊ အပြာရောင်ခွဲ၍ ရိုက်နှိပ်ထားသည်ကိုတွေ့ရသဖြင့် မူးယစ်ဆေးအမျိုးအစားများကို ဓါတ်ခွဲစစ်ဆေးမှုလုပ်ဆောင်ရန် ပေးပို့ထားကြောင်း သိရသည်။

#TachileikNewsAgency