လွိုင်ကော်မြို့ရှိ ခရိုင်/မြို့နယ်စုပေါင်းရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၅)ဦး သေဆုံး

Photo:  ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)
Photo: ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)
လွိုင်ကော်မြို့ရှိ ခရိုင်/မြို့နယ်စုပေါင်းရုံးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၅)ဦး သေဆုံး
ဇန်နဝါရီ 19, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်အတွင်းရှိ  ခရိုင်/မြို့နယ်စုပေါင်းရုံးအား ပြည်သူ့ကာကွယ်တပ်ဖွဲ့များက ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ရာ အာဏာသိမ်းစစ်ကောင်စီ၏ တပ်သား (၁၅) ဦးသေပြီး အများအပြား ဒဏ်ရာရကြောင်း KDF က သတင်းထုတ်ပြန်သည်။

မြိုပြပျောက်ကြားညီနောင်နှစ်ဖွဲ့ဖြစ်သည့် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ၊ GZ-21(Liokaw)နှင့် ပူးပေါင်းတပ်ဖွဲ့ ဖြစ်သော JPDF အဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရုံးအတွင်းကင်းပုန်းဝပ်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်များ အထိအခိုက် သေဆုံးသူများခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တိုက်ပွဲ အချိန် (၁)နာရီကျော်ကြာမြင့်ခဲ့ပြီး ပြင်းထန်လာချိန်တွင် အထိနာသည့် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်ကြောင်း သိရသည်။