ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ နေအိမ်အချို့ ပျက်စီး

Photo: KNDF B-09
Photo: KNDF B-09
ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်က ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်၍ နေအိမ်အချို့ ပျက်စီး
နိုဝင်ဘာ 21, 2021 | ကယား

ကယား (ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့က အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျေးရွာတွင်းမှ ထိခိုက်ပျက်စီးသွားသည့် နေအိမ်အချို့၏ မှတ်တမ်းပုံများကို KNDF က နိုဝင်ဘာလ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်ဖေါ်ပြလာသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း KNDF B-09 နယ်မြေအတွင်းသို့  နိုဝင်ဘာလ (၁၈)ရက်နေ့တွင် အာဏာသိမ်းတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး (၆) မိုင်ကျေးရွာဘက်ကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနေ့က ဒေါပိုးစီကျေးရွာတွင်လည်း ပစ်ခတ်မှုများဖြစ်ပွားပြီး ဒေါခလိုက်လင်းကျေးရွာမှ နေအိမ်တစ်လုံးကိုလည်း အာဏာသိမ်းတပ်က မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ယင်းနေ့က တိုက်ခိုက်မှုအတွင်း အာဏာသိမ်းတပ်ဘက်က (၁) ဦးသေပြီး ကားများထိခိုက်ပျက်စီးမှုဖြစ်သွားခဲ့ခြင်းဖြစ်သည်။