စစ်ကိုင်းတိုင်းအတွင်း ရွာပေါင်း (၉၀)ကျော်မှ PDF များ အလင်းဝင်သည်ဟု အာဏာသိမ်းစစ်ကောင်စီ ဘက်တော်သားများ ဝါဒဖြန့် 

စစ်ကိုင်းတိုင်းအတွင်း ရွာပေါင်း (၉၀)ကျော်မှ PDF များ အလင်းဝင်သည်ဟု အာဏာသိမ်းစစ်ကောင်စီ ဘက်တော်သားများ ဝါဒဖြန့် 
ဇန်နဝါရီ 17, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်းအတွင်း ရွာပေါင်း (၉၀)ကျော်မှ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ အလင်းဝင်သည်ဟုဆိုကာ အာဏာသိမ်းစစ်ကောင်စီဘက်က သတင်းမှားများကို လူမှုကွန်ယက်စာမျက်နှာ Facebook တွင် ဖြန့်ဝေနေသည်ကို တွေ့ရသည်။

ငြိမ်းချမ်းမှုကို လိုလားသော PDF များ တပ်မတော်ထံ လက်နက်များ လာရောက်အပ်နှံ အလင်းဝင်နေကြပါသည်။ ကလေး PDF များ လက်နက်အပ်နှံကြပုံ။ ကျောက်ပြုတ်ရွာကတစ်ဆင့် ဆက်သွယ်ပြီး စစ်ကိုင်းတိုင်းအတွင်း ရွာပေါင်း(၉၀)ကျော်က PDF များ အလင်းဝင်ကြတာပါ။

ဟု ဓာတ်ပုံနှင့်တကွ သတင်းမှားဖြန့်ဝေနေသည်ကို တွေ့ရသည်။

ပြည်သူ့ကာကွယ်ရေးတပ်များမှာ လူငယ်များဖြင့် ဖွဲစည်းထားခြင်းဖြစ်သော်လည်း အာဏာသိမ်းစစ်ကောင်စီဘက်မှ ဝါဒဖြန့်နေသည့်ဓာတ်ပုံများတွင် လက်နက်အပ်နှံနေသူများမှာ အသက်ကြီးပိုင်းဖြစ်နေသည်ကို တွေ့ရသည်။

ဒေသခံအချို့၏ အတည်ပြုချက်အရ အဆိုပါပုံများမှ အချို့မှာ အာဏာသိမ်းစစ်တပ်က လက်သပ်မွေးထားသည့် ပျူစောထီးအဖွဲ့ဝင်များဖြစ်သည်ဟု ဆိုထားသည်။