စဥ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ပင်လယ်ကြီးဂိတ်တွင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွား

Photo: Singu People's Defence Force
Photo: Singu People's Defence Force
စဥ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ပင်လယ်ကြီးဂိတ်တွင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွား
ဖေဖော်ဝါရီ 14, 2022 | အခြားဒေသများ

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များရှိသည့် ပင်လယ်ကြီးဂိတ်တွင် ယနေ့ဖေဖော်ဝါရီလ(၁၄)ရက် နံနက် (၅)နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းဂိတ်ကို မိုင်းခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတစ်ဦး အပါအဝင် အများအပြားသေဆုံး၊ ဒဏ်ရာရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ ကနဦးသတင်း  သိရသည်။

၎င်းတိုက်ခိုက်မှုသည် ပြည်သူ့ကာကွယ်ရေးတပ်(စဥ့်ကူး)၏ မိုးကြိုးစစ်ဆင်ရေးဖြစ်ကြောင်း စဉ့်ကူး PDF ထံက သိရသော်လည်းဖြစ်စဥ်ကို ထုတ်ပြန်ထားခြင်းမရှိသေးပေ။