ဆွမ်ပရာဘွမ်ဘက် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်နှင့် ပူတာအိုခရိုင် PDF တို့ တိုက်ပွဲဖြစ်

ဆွမ်ပရာဘွမ်ဘက် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်နှင့် ပူတာအိုခရိုင် PDF တို့ တိုက်ပွဲဖြစ်
ဇန်နဝါရီ 9, 2022 | အခြားဒေသများ

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ခင်ဒူကားကျေးရွာနှင့် ဖုန်ကျန်းကျေးရွာကြားတွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်နှင့် ပူတာအိုခရိုင် PDF တို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

ပူတာအိုအခြေစိုက် အခြေချစစ်ဗျူဟာ စစ်ကောင်စီတပ်ရင်း ခလရ (၁၃၇)၊ (၁၃၈)မှ အင်အား (၆၀) ဝန်းကျင်သည် ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသကာကွယ်ရေးအဖွဲ့နှင့် တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

နံနက် (၉)နာရီဝန်းကျင်တွင် စတင်သည့်တိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်းသိရပြီး အာဏာသိမ်းစစ်တပ်ဘက်အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။