သင်္ဃန်းကျွန်း ဇဝန EPC ရုံးအား Myanmar Defense Force - Yangon က ဖေါက်ခွဲတိုက်ခိုက်

သင်္ဃန်းကျွန်း ဇဝန EPC ရုံးအား Myanmar Defense Force - Yangon က ဖေါက်ခွဲတိုက်ခိုက်
ဇန်နဝါရီ 2, 2022 | အခြားဒေသများ

အာဏာသိမ်းအဖွဲ့အား အထောက်အပံ့ဖြစ်စေသည့် အခွန်ကောက်ယူမှု ရပ်တန့်ရန်အတွက် ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ဇဝန EPC ရုံးအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့ နံနက်ပိုင်းက  ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Myanmar Defense Force - Yangon က သတင်းထုတ်ပြန်သည်။ 

အဆိုပါ ပေါက်ကွဲမှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ဦး အနည်းဆုံး ထိခိုက်နိုင်ပြီး အခြားသော ပျက်စီးမှုများလည်းရှိကြောင်း သိရသည်။ 

ဆိုပါရုံးတွင် မီတာလာဆောင်သော ပြည်သူများ ထိခိုက်မှုမဖြစ်စေရေးအတွက် အများပြည်သူ ရုံးပိတ်ရက်အား ရွေးချယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး နောက်အကြိမ်များတွင် အကြမ်းဖက် စစ်ကောင်စီအား ဝင်ငွေရှာဖွေပေးနေသော ဝန်ထမ်းများနှင့် ကျည်ဆံဖိုး အခွန်ဆောင်နေသော ပြည်သူများ ထိခိုက်မှုနှင့် အသက်အန္တရာယ်ကို လုံးဝအာမခံမည်မဟုတ်ကြောင်းထုတ်ပြန်ထားသည်။

ယနေ့တွင် ပျောက်ကြားစနစ် တိုက်ခိုက်မှုကို နေရာ (၂) ခုတွင်  ပြုလုပ်ရန်ဖြစ်သော်လည်း အခြားသော မိုင်းပါဝင်သော အထုပ်အား အမှိုက်ကောက်သမားက ကောက်ယူသွား၍ ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆင်ရေးကို မဟာမိတ် ညီနောင်များ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်တိုင်း စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ "ပျံလွှားအောင်" စစ်ဆင်ရေး တစိတ်တစ်ပိုင်း အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။