တန့်ဆည်မြို့တွင်  PDF နှင့် ပတ်သက်ဆက်နွှယ်သည်ဟု စွပ်စွဲကာ အာဏာသိမ်းအဖွဲ့က နေအိမ်(၅)လုံးကို ချိတ်ပိတ်

တန့်ဆည်မြို့တွင်  PDF နှင့် ပတ်သက်ဆက်နွှယ်သည်ဟု စွပ်စွဲကာ အာဏာသိမ်းအဖွဲ့က နေအိမ်(၅)လုံးကို ချိတ်ပိတ်
ဇန်နဝါရီ 1, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် PDF နှင့်ဆက်စပ်သည်ဟု စွပ်စွဲခံရသူ (၅)ဦး၏ နေအိမ်များကို အာဏာသိမ်းအဖွဲ့က  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင် ချိတ်ပိတ်လိုက်သည်။

တန့်ဆည်မြို့ မေတ္တာမြိုင်ရပ်ကွက်မှ ကိုထွန်းဦး၊ ကိုဇင်မိုးအောင်၊ ‌ကိုအေးကျော်၊ ကိုလှိုင်စိုးနှင့် ကိုအောင်မျိုးသင်းတို့၏ နေအိမ်(၅)လုံးကို တန့်ဆည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသူအောင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ပါဝင်သည့်အဖွဲ့က ဗီနိုင်းများလိုက်ချိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ကလည်း  တန့်ဆည်မြို့၊ လမ်းဆုံတွင် နေထိုင်သည့် ဦးဇော်မိုးနိုင်နှင့် ဦးနိုင်မျိုးအောင်တို့ကိုလည်း PDF နှင့်ပတ်သက်သည်ဟု စွပ်စွဲကာ နေအိမ်နှင့်ဆိုင်ခန်းများကို ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ဆန္ဒဆန့်ကျင်၍ အာဏာသိမ်းထားသည့်အဖွဲ့သည် အာဏာသိမ်းထားပြီး (၁၁)လကြာသည်အထိ အာဏာသိမ်းမှုဆန့်ကျင်နေသည့် ပြည်သူများကို နည်းလမ်းမျိုးစုံသုံး၍ အကြမ်းဖက်နှိမ်နှင်းနေပြီး ၎င်းတို့အား ဆန့်ကျင်သည်ဟု ယူဆရသူများ၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများအား ချိတ်ပိတ်သိမ်းဆည်းခြင်းဖြင့် ခြိမ်းခြောက်မှုများပါ လုပ်ဆောင်လာကြခြင်းဖြစ်သည်။