ရေးမြို့နယ် နှစ်ကရင်ကျေးရွာရဲစခန်းကို ပူးပေါင်းတပ်များဝင်တိုက် 

ရေးမြို့နယ် နှစ်ကရင်ကျေးရွာရဲစခန်းကို ပူးပေါင်းတပ်များဝင်တိုက် 

မွန်ပြည်နယ် ရေးမြို့နယ်မြောက်ပိုင်း နှစ်ကရင်ကျေးရွာရဲစခန်းရှိ  စစ်ကောင်စီတပ်သားများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၂၀၂၃ခုနှစ် ဇွန်လ (၂၅)ရက်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၉)ဦးသေဆုံးကြောင်း ကျားဖြူစစ်ကြောင်းက ယနေ့ ဇွန်လ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါရဲစခန်းကို ကျားဖြူစစ်ကြောင်းနှင့် KNLA တပ်ရင်း (၂၇)ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များ ပြန်လည်ဆုတ်ခွါပြီး (၁)နာရီကျော်ခန့်အကြာတွင် စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ်(၂)စီးဖြင့် နှစ်ကရင်ရွာအား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိခဲ့သည်။

#TachileikNewsAgency