တာချီလိတ်မြို့တွင် မိမိကိုယ်ကို စစ်တပ်မှ အရာရှိဟု ဆိုကာ ငွေကြေး လိုက်လံ လိမ်လည်နေသူ တစ်ဦးကို ဖမ်းဆီးရမိပြီး ရဲလက်အပ်

ပုံအညွှန်း - ရဲစခန်းသို့ မပို့ဆောင်မီ ရွှေတာချီခရီးသွားလုပ်ငန်း ( ရွှေတာချီလူမှုကူညီရေးအသင်း )ရုံးတွင် မေးမြန်းနေစဉ်

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မိမိကိုယ်ကို စစ်တပ်မှ အရာရှိဟု ပြောဆိုကာ ဆိုင်ကယ် Taxi ပြေးဆွဲသူများထံက ငွေကြေး လိုက်လံလည်လိမ်သူ တစ်ဦးအား ဆိုင်ကယ် Taxi မောင်းသူများက ဝိုင်းဝန်းဖမ်းဆီးပြီး ရဲလက် အပ်လိုက်ကြောင်း သိရသည်။ 

မိမိကိုယ်ကို စစ်တပ်မှ အရာရှိတစ်ဦးဖြစ်သည်ဟု ပြောဆိုကာ လိမ်လည်သူမှာ စန္ဒာလင်းဆိုသူဖြစ်ပြီး ၎င်းအား ဆိုင်ကယ် Taxi မောင်းသူများက လိုက်လံစုံစမ်းရာမှ ယနေ့ ၂၀၂၄ခုနှစ် ဇန်ဝါရီလ(၂၁)ရက်နေ့တွင် ဖမ်းဆီးရမိပြီး ရွှေတာချီလူမှုကူညီရေးအသင်းရုံးသို့ ခေါ်ဆောင်လာကာ မေးမြန်းပြီးနောက်  ရဲလက်သို့ အပ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ပုံအညွှန်း - ရဲစခန်းသို့ မပို့ဆောင်မီ ရွှေတာချီခရီးသွားလုပ်ငန်း ( ရွှေတာချီလူမှုကူညီရေးအသင်း )ရုံးတွင် မေးမြန်းနေစဉ်

"ရဲလက်ကိုတော့ အပ်လိုက်ပေမဲ့ ရဲက အချုပ်ထဲ မထည့်ထားဘူး။ အချုပ်အပြင်မှာပဲ ထားထားသေးတယ်။ မင်းထောင်ထဲဝင်မလား၊ စစ်ထဲ ပြန်ဝင်မလားဆိုပြီး ပြောနေတာ ကြားရတယ်။ ကျွန်တော်တို့ ဆိုင်ကယ် Taxi သမားတွေရဲ့ ဘဝက တစ်နေ့လုပ် တစ်နေ့စားဘဝတွေပါ။  တစ်နေ့ တစ်နေ့ ဆီဖိုးနဲ့ တစ်နေ့တာ စားရိတ်ရဖို့  မနည်းရုန်းကန်ရတာ။"ဟု ရွှေတာချီအသင်းသား တစ်ဦးက Tachileik News Agency ကို ပြောသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်များဖြင့် ခရီးတိုပြေးဆွဲနေသည့် လုပ်ငန်းဖြစ်သော ရွှေတာချီခရီးသွားလုပ်ငန်း၏ ဆိုင်ကယ် Taxi အသင်းသားများထံကနေ လွန်ခဲ့သော ၂၀၂၁ခုနှစ်က စပြီး ယနေ့ အချိန်အထိ ဆိုင်ကယ် ငှားရမ်းသွားခြင်းနှင့်အတူ ငွေကြေးလိမ်လည်ချေးငှားသွားခြင်းနှင့် ဆိုင်ကယ် ငှားစီးသည့်အခါတွင်လည်း ငွေကြေးမပေးဘဲ လိမ်လည်မှုများကို လုပ်ဆောင်ကြောင်း နှင့် ယင်းသို့ လိမ်လည်သည်မှာ ဆိုင်ကယ် အသင်းသားအများအပြား လိမ်ခံခဲ့ရသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်များဖြင့် ခရီးတိုပို့ဆောင်ပေးနေသည့် ရွှေတာချီခရီးသွားလုပ်ငန်း ( ရွှေတာချီလူမှုကူညီရေးအသင်း )၏ ဆိုင်ကယ် Taxi ဂိတ်ပေါင်းမှာ (၆၄)ဂိတ်ရှိပြီး အသင်းသားများမှာ (၉၀၀)ကျော်ရှိ ကြောင်း သိရသည်။

Photo: ရွှေတာချီလူမှုကူညီရေးအသင်း